PART-4

1.3K 166 33
                                    

UNICODE

" ဂျောင်ကု! "

ထယ်ယောင်းbarရဲ့အပေါ်ထပ်ကိုတက်လာတော့ အရက်စပ်တဲ့ကောင်တာပေါ်တွင်ခေါင်းလေးမှောက်လျက်သားရှိနေသည့်ဂျောင်ကု။ အနီးအနားကိုဝေ့ဝိုက်ကြည့်တော့လည်း မသင်္ကါစရာလူရိပ်မတွေ့ရ။

" ဂျောင်ကု~ "

" ဟင်းးး အင်း "

လှုပ်စိလှုပ်စိလေးသာဖြစ်နေပြီးမျက်လုံးကမပွင့်သေးတာမို့ ပွေ့ချီပြီးသားပြန်ခေါ်လာရတယ်။ အရုပ်လေးတစ်ရုပ်နှယ်စွေ့ခနဲပွေ့ချီခံလိုက်ရတဲ့ဂျောင်ကုရဲ့ခန္ဓာကိုယ်ကအလွန်ပင်ပေါ့ပါးလွန်းလှတယ်။

...

" အာ့ နာတယ် "

ဂျောင်ကုအိပ်ယာကနိုးလာတော့ညနေတောင်စောင်းနေပြီ။ ထယ်ယောင်းကဆေးလူးပေးမယ်ဆိုပြီးအင်္ကျီတွေဆွဲချွတ်ကာပုခုံးထက်ဆေးလိမ်းပေးလေရဲ့။ သူပဲဆေးမလူးတတ်လေသလား? တမင်သက်သက်ပဲနာအောင်လူးပေးနေတာလားတော့မသိ ဆေးလူးပေးနေသည်မှာညင်သာမှုမရှိ။ တကယ့်ကိုလူကြမ်းကြီးပီသပါပေတယ်~

" အရမ်းမဖိနဲ့ နာတယ် "

" Sorry "

ထိုတစ်ခွန်းသာပြောပြီး ဂျောင်ကုလက်မောင်းအားဆေးလူးပေးနေလေတယ်။ ထယ်ယောင်းရဲ့မျက်ဝန်းတွေကတည်ငြိမ်ပြီး ဆွဲဆောင်မှုရှိနေတယ်။အရမ်းကြီးနီးကပ်နေလို့များလား~

" ငါနားတော့မယ် "

လက်တစ်စုံအားမသိမသာရှောင်လွှဲကာ အင်္ကျီပြန်ဝတ်ပြီးကြယ်သီးတို့တပ်ကာ ကုတင်ထက်လှဲချလိုက်တော့တယ်။ ထယ်ယောင်းရဲ့အေးစက်စက်ဂရုစိုက်မှုတွေကိုတစ်စက်ကလေးမှုမကြိုက်ဘူး~

တံခါးပိတ်သံကြားတော့ လှဲနေရာကနေကောက်ထိုင်ပြီးအင်္ကျီတို့ကိုပြန်ချွတ်လိုက်တယ်။ လက်မောင်းကိုနည်းနည်းလောက်လှုပ်ရှားမိတယ်။ သို့ပေမဲ့အရမ်းနာတယ်။ နာကျင်မှုကသူ့ကိုမျက်ရည်တောင်ဝဲစေသည့်အထိ။

" ငိုးမ! နာတယ်ဟ...ဒီလိုမှန်းသိရင်ခုန်ချဖို့နေရာကောင်းလေးကိုအရင်ရှာထားခဲ့ရာမှာကို "

ဆေးဗူးအားယူပြီးကိုယ့်ဘာသာလိမ်းကာ ပုခုံးအားဆုပ်နယ်မိတယ်။ သူ့လက်တွေက ဆေးမသောက်ရသေးတဲ့လူတစ်ယောက်နှယ်ကတုန်ကယင်သာ။

THE BODYGUARD[2Kim&1J]Where stories live. Discover now