PART-9

977 143 24
                                    

UNICODE

​" ဟယ်လို "

".... "

' တီ '

အကြောင်းပြန်ခြင်းမရှိတော့ပဲ ဖုန်းအားတန်းချလိုက်မိတယ်။ ရင်တွေသည်တလှပ်လှပ်ဖြင့်ခုန်လွန်းနေသည်။ အခုမှစတွေ့ဖူးသည့်လူတွေလည်းမဟုတ်တာကိုဖုန်းလေးတစ်ခါမှားခေါ်မိတာနဲ့သူ့ရင်တွေဗလောင်ဆူနေရတာ။ ရင်ဘတ်ကြီးသည်မူမမှန်တော့ဘူး~

ထို့နောက်ဗီရိုထဲမှဆွယ်တာအပြာနုရောင်လေးကိုဝတ်ပြီးအပြင်သို့ထွက်လာခဲ့လိုက်တယ်။

" အာပါး ကျွန်တော်အပြင်ခဏထွက်မို့... လမ်းလျှောက်ထွက်မှာ "

" အင်း အပြန်နောက်မကျစေနဲ့ "

မီးဖိုချောင်တွင်သန့်ရှင်းရေးလုပ်နေသည့်ဖခင်အားအသိပေးပြီးနောက် ရှူးဖိနပ်အဖြူလေးအားစီးပြီးကြိုးချည်ကာ အိမ်ပြင်သို့ထွက်လာခဲ့တယ်။

မှောင်ရီစပြုနေပြီဖြစ်သည့်ကောင်းကင်ကြီးသည်ရောင်စဥ်တန်းတို့အလင်းပြန်မှုကြောင့် ကာလာစုံဖြစ်နေပြီ။ ခရမ်းနုရောင်၊အပန်းရောင်၊အဝါရောင်နဲ့လိမ္မော်ရောင်တို့ရောယှက်နေသည့် ကောင်းကင်ကြီးသည်အရင်နေ့တွေကထက်လှသည်။

ကျောက်လမ်းမလေးအတိုင်းလျှောက်လာပြီးလေစိမ်းခံရင်း ဖြည်းဖြည်းလေးသာလမ်းလျှောက်နေသည်။ မကြာခင်ဆောင်းဝင်တော့မည်မို့ဆောင်းလေတို့ရဲ့ခပ်အေးအေးလေပြည်လေးတို့သည်မျက်နှာထက်တိုးဝေ့လာသည့်အခါ စိတ်အစုံမှာလန်းဆန်းသွားရသည်။

" အင့် "

အုတ်တံတိုင်းသေးသေးပေါ်ခုံတက်ကာ လက်လေးကိုဘေးဘက်သို့ဆန့်ထုတ်ရင်းဟန်ချက်ထိန်းကာမတ်တပ်ရပ်လိုက်တယ်။ နေမင်းကြီးသည်ဝင်လုဆဲဆဲဖြစ်နေသည်ကိုတွေ့လိုက်ရတယ်။

" ဟင်းးး ပြန်သက်သာသွားတော့လည်းပျင်းစရာကြီးပါလား "

သက်ပြင်းချရင်းသာ အုတ်တံတိုင်းပေါ်တွင်ထိုင်လိုက်တယ်။ ဘောင်းဘီထဲတွင်အသင့်ပါလာသောဆေးလိပ်ဘူးလေးအားထုတ်ကာ နောက်ဆုံးလက်ကျန်ဆေးလိပ်တစ်လိပ်ကိုယူလိုက်ပြီး ဘူးခွံအားမြက်ခင်းပေါ်သို့လွှင့်ပစ်လိုက်တယ်။

THE BODYGUARD[2Kim&1J]Where stories live. Discover now