PART-11

922 125 60
                                    

UNICODE

" ဂျွန်ငယ် နိုးရင်လည်းထတော့တစ်ခုခုစားရအောင် "

ဂျောင်ကုရဲ့လက်လေးသည်စစချင်းတုန်းကတော့နွေးထွေးစွာကိုင်တွယ်ခံထားရပေမဲ့အခုကျတော့ထယ်ယောင်းသည်သူ့လက်အားကိုင်ထားသည်ကိုလွှတ်ချသွားသည်။ ​

" မင်းငါ့လက်ကိုတစ်ချိန်လုံးကိုင်ထားခဲ့မှန်းသိတယ် "

ထယ်ယောင်းရဲ့ထွက်သွားလုဆဲခြေထောက်တို့တုန့်ခနဲရပ်သွားကာသူ့ဘက်ကိုလှည့်လာလေတယ်။ အရင်လိုပြောင်းလဲခြင်းမရှိ တည်ငြိမ်နေသည့်မျက်ဝန်းညိုတို့ကသူ့အားစိုက်ကြည့်နေလေပြန်တယ်။

" အဲ့အကြည့်တွေနဲ့လာမကြည့်နဲ့ မုန်းလွန်းလို့ "

ထယ်ယောင်းသည်သူ့အားမျက်နှာလွှဲကာဘာစကားမှမပြောပဲအောက်ထပ်သို့ဆင်းသွားလေသည်။ ဂျောင်ကုတစ်ယောက်ထဲသာအိပ်ယာထက်ငူငိုင်ငိုင်ကြီးကျန်ရစ်ခဲ့တော့သည်။

" Arr shit အိမ်မှာနမ်ဂျွန်းတစ်ယောက်ထဲကျန်ခဲ့ပြီ "

...

" Ryker ရပြီလား? "

" ရပြီခေါင်းဆောင် "

Ryker သည်apronအပန်းရောင်ကြီးဖြင့် အပူခံလက်အိတ်အပန်းရောင်ကြီးဝတ်ကာ ကြွေပန်းကန်လုံးကိုကိုင်ရင်းသူ့အရှေ့သို့ရောက်လာလေသည်။ Ryker ကိုမြင်ရတာသူ့မျက်လုံးထဲမှာအပန်းရောင်နဲ့ဆိုတော့နည်းနည်းကိုးလို့ကန့်လန့်နိုင်လှသည်။

" အဲ့တာဘာတွေလဲ? ချွဲပျစ်ပျစ်တွေ "

ထယ်ယောင်းသည်ပန်းကန်ထဲကအဖြူဖျော့တော့တော့ချွဲပျစ်ပျစ်တွေကိုဇွန်းဖြင့်ခပ်ကာ မေးလာတော့Rykerကအားရပါးရဖြင့်ပြောလေသည်။

" အမေရိကန်စတိုင် Corn Chowder လေ "

" မင်းဟာကလည်းနော် ချွဲပျစ်ပျစ်နဲ့ "

" ခေါင်းဆောင်ပဲအစားအစာကိုအပျော့လောက်ဖြစ်ဖြစ်လုပ်ပေးဆိုလို့ကျွန်တော်လည်းလုပ်ပေးတာကို "

Rykerသည်ခုဏတုန်းကနှင့်မတူစွာမျက်နှာကြီးမှာမဲ့ရှုံ့သွားလေသည်။ ထယ်ယောင်းလည်းသူ့လက်ထဲကပန်းကန်လုံးအားလက်ထဲပြောင်းယူလိုက်တော့မျက်နှာလေးကဝင်းကနဲဖြစ်သွားရတယ်။

THE BODYGUARD[2Kim&1J]Where stories live. Discover now