UNICODE
တက္ကသိုလ်စဖွင့်သည့်နေ့မို့
ပထမနှစ်စတက်ရမည်ဖြစ်သောကျောင်းသူ၊ ကျောင်းသားလေးများ
စိတ်လှုပ်ရှားနေကြမည်မှာအမှန်ပင်။အထက်တန်းတုန်းကလို
ယူနီဖောင်းတွေမဟုတ်ပဲ
မိမိနှစ်သက်ရာအဝတ်အစားကို
ဝတ်ရတော့မည်။သူငယ်ချင်းအသစ်များရပြီး
အမြင်ကျယ်လာလိမ့်မည်။
နောက် ဆရာများပြောသလို
ရည်းစားလည်းရလိမ့်မည်။အတွေးပေါင်းစုံနှင့်အရောင်အသွေးစုံလင်လှသောကျောင်းသားလေးများမှာ
ကျောင်ဝန်းထဲတွင်
ကိုယ်စီကိုယ်စီလှုပ်ရှားနေကြသည်။ထိုကျောင်းသားများကြားထဲတွင် အိပ်ချင်မူးတူးဖြင့် လှုပ်စိလှုပ်စိသွားနေသောကျောင်းသားလေးတစ်ယောက်ရှိ၏။
ပါးကဖောင်းဖောင်း၊ နှုတ်ခမ်းကခပ်ဆူဆူရယ်နှင့် မျက်လုံးကမပွင့်တပွင့်ဖြင့်လမ်းလျှောက်နေသည်။
"ဟိတ်ကောင် "
အနောက်ဘက်မှတစ်စုံတစ်ယောက်က
သူ့ပုခုံးအားလှမ်းဖက်လိုက်၏။"ရား လန့်သွားတာပဲ ငကုရ"
"ဘာလန့်တာလဲ ငဟိုဘီ မင်းကိုမနက်၈နာရီကတည်းကလာဖို့မှာထားတာကို"
"ဟို ဟို အဲ့တာကလေ ငါညကဂိမ်းဆော့တာနောက်ကျသွားလို့ ဟီးဟီး"
ဂျောင်ကုနှင့် ဟိုဆော့တို့သည်အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြ၏။
မူလတန်းကတည်းက
ခင်လာကြသူတွေမို့
တက္ကသိုလ်ရောက်တော့လည်းအတူတူပေ။ သို့ပေမယ့် မေဂျာတွေတော့မတူခဲ့ပါ။
နောက်ထပ် ယွန်းဂီဆိုသောသူငယ်ချင်းတစ်ယောက်လည်းရှိသေးပါ၏။"အဲ့တာဆို ငါအတန်းသွားပြီ ဟိုဘီ"
"အေအေ တာ့တာ"
ကျောင်းကိုအရင်ရောက်နှင့်သောစပ်စုစိန်ဂျောင်ကု ကျေးဇူးကြောင့်အတန်းကိုအထွေအထူးရှာစရာမလိုပဲ ဂျောင်ကုညွှန်သောလမ်းအတိုင်းလျှောက်ခဲ့သည်။
အတန်းလေးက တိတ်ဆိတ်ပါသည်။
ပထမဆုံးရက်မို့ ကျောင်းသားအားလုံးကိုမျက်နှာစိမ်းနေ၏။
သပ်သပ်ရပ်ရပ်ဝတ်စားထားသော လူအားလုံးထဲမှာမှ ဟိုဆော့ပုံစံက မူကြိုလာတက်သောကလေးပုံစံပင်။