UNICODE
ကျောင်းသားဟောင်းတွေစုံညီပွဲရှိတာမို့
ယခင်ကတက်ခဲ့ကြသောကျောင်းသားဟောင်းများနှင့်
အသက်ကြီးရင့်ကြသောဆရာကြီးများကတက်ရောက်ကြသည်သာ...နမ်ဂျွန်းတို့လည်းအပါအဝင်
သူငယ်ချင်းများမှာယခုချိန်တွင်အသီးသီးအောင်မြင်ပြီး အိမ်ထောင်ကျသူကကျနှင့်ပျော်စရာကောင်းလှသည်။နမ်ဂျွန်းနှင့်အွန်ဝူးတို့ကတစ်ဝိုင်းထိုင်ပြီး
ကျောင်းရဲ့ဆရာဂျီမင်းကတော့ ဧည့်သည်တွေကြိုဆိုရင်း အလုပ်ရှုပ်နေ၏။"ထယ်ယောင်း!...မင်းလာတယ်နော်"
"လာရမှာပေါ့ကွ...ငါနဲ့ဆိုင်တဲ့ပွဲပဲကို"
"လာကွာ...ဟိုဘက်ဝိုင်းမှာ..."
"နေနေ...ငါကဒီဝိုင်းမှာပဲထိုင်ချင်တာ"
နမ်ဂျွန်းနှင့်အွန်ဝူးသို့ထိုင်နေသောဝိုင်းတွင်သူဝင်ထိုင်လိုက်သည်။
အွန်ဝူးကနှုတ်ဆက်နေပေမယ့်် နမ်ဂျွန်းကမျက်နှာလွှဲထား၏။
နှစ်ယောက်လုံးရဲ့မျက်နှာတွေဟာတင်းမာလျက်"အွန်းဝူး...မင်းရောအိမ်ထောင်ကျပြီလား"
"ငါလား...ဘယ်ကသာကွာ အခုထိလူပျိုကြီးပါနော်် "
"ဟား...ငါလည်းတူတူပဲ"
"မင်းအဆင်ပြေရဲ့လား"
"ဘာကိုပြောတာလဲ အွန်ဝူး"
"အာ...ငါပြောတာ မင်းစီးပွားရေးဘာညာပေါ့"
"သိပ်ကိုပြေပါတယ်...ဟက်"
တစ်ယောက်နှင့်တစ််ယောက်မျက်နှာချင်းဆိုင်ထိုင််နေကြတာတောင် စကားမပြောတဲ့နှစ်ယောက်ကြားတွင် အွန်ဝူးအနေခက်လှသည်။
"ငါစိတ်မရှည်တော့ဘူးကွာ!
တွေ့ဆုံပွဲလေးမှာမင်းတို့အခွက်တွေကတင်းမာနေတာပဲမင်းတို့....ပြန်ခေါ်ဖို့အစီစဥ်မရှိကြဘူးလား!"
"သူ့ကိိုလား...လုံးဝပဲ!!"
နှစ်ယောက်ဆီမှပြိုင််တူထွက်လာသောအသံ!
"မင်းသာငါ့နေရာမှာဆိုရင်...ခံစားတတ်လိမ့်မယ်် အွန်ဝူး"
"ဟက်! ငါ့စီးပွားရေးကိုဖျက်တာဘယ်သူလဲ!"
"သူငယ်ချင်းဖြစ်ပြီး...ငါ့အပေါ်လုပ်ရက်ရင်ငါကလည်းမလုပ်နိုင်စရာမရှိဘူး"
