UNICODE
ကျောင်းတွင်ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းမှာ
ပြောစရာ၊ ဆွေးနွေးစရာများ လုပ်ပြီးဖြစ်၍
ကျောင်းသို့ထပ်မရောက်ဖြစ်တော့ပါ။ကျောင်းကိုသွားပြန်လျှင်လည်း
ဂျီမင်းကသူ့ကျောင်းကိုလာရသည့်
အကြောင်းရင်းကိုမေးလျှင်
ကိုယ့်မှာဖြေစရာမရှိသူ့ဆီလာလည်တာဖြစ်ကြောင်း
ပြောပြန်ရင်လည်း
မဖြစ်နိုင်ဘူးဆိုတာသူကသိ၏။ကုမ္မဏီသွားသော မနက်ခင်းများတွင်
ကျောင်းဘက်သို့မယောင်မလည်
ကွေ့ပတ်သွားတတ်သည်။အနှီချာတိတ်လေးကို
မတော်တဆတွေ့ခဲ့လျှင်လည်း
အသင့်ပေးရန်
သူ့ဘောပင်လေးကို
သူ့အိတ်ကပ်ထဲတွင်ထည့်ထားတတ်သည်။ချာတိတ်လေးမင်း
ကတော့ငါ့ကိုမေ့နေလောက်ပြီပေါ့
မင်းဘောပင်လေးပေးဖို့
ငါအသင့်စောင့်နေတယ်နော်
ပြီးတော့မင်းနဲ့လည်း
ထပ်ပြီးရင်းနှီးချင်သေးတယ်ထပ်တွေ့ချင်သောဆန္ဒကလေးနှင့်
ကားမောင်းလာရင်း
ကုန်တိုက်တစ်ခုထဲသို့ဝင်သွားသော
အနှီချာတိတ်လေးကိုတွေ့လိုက်၏။=====
"ဟိုဘီ မင်း 2× လား 3× "
"2× ပဲဝယ်! ငဘီအစပ်မစားနိုင်တာမင်းသိရက်နဲ့ "
Spicy ဝယ်မည့်အရေး
စကားများနေကြသော
ဂျောင်ကုနှင့် ယွန်းဂီပါ။ကျောင်းပိတ်ရက်မို့ ဆော့ဂျင်က
ဟော့ပေါ့လုပ်ကျွေးမယ်ပြောသဖြင့်
ပေးလိုက်သည့်စာရင်းအတိုင်းလာဝယ်ကြခြင်းပင်။ဂျောင်ကုနှင့် ယွန်းဂီတို့မှာ
ဆော့ဂျင်၏နောက်ထပ်သားများလိုပင်ငယ်ငယ်ကတည်းက
ကျောင်းပိတ်ရက်တွေမှာ
သူတို့သုံးယောက်ကို
မုန့်တွေလုပ်ကျွေးတတ်ပြီး
ခရီးတိုလေးတွေသွားရင်လည်း
ခေါ်သွားလေ့ရှိ၏။ဟိုဆော့ကိုလည်း
သူတို့ဖိုက်တာကြီးနှစ်ယောက်ကို
အပ်ထားသဖြင့်
သုံးယောက်သားအမြဲတပူးတွဲတွဲ=====
ဟိုနှစ်ယောက်က မှာတာတွေရွေးဝယ်ရင်း
ဟိုဆော့ကတော့ ချောကလပ်အတန်းတွင်တစ်ယောက်တည်း ရှိနေ၏။