4

338 66 21
                                    

UNICODE

အစ်ကိုက စဥ်းစားပေးမယ်ဆိုတဲ့စကားနဲ့တင်
အပျော်ကြီးပျော်နေခဲ့တာ

အစ်ကို့လို ထူးချွန်တဲ့သူနဲ့ဆို ကိုယ်တိုင်ကလည်းထူးချွန်နေမှဖြစ်မယ်မလား
နောက််ဆုံးတော့ အဖေ့သဘောအတိုင်းနိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆုံးဖြတ်ခဲ့တယ််

မျှော်လင့်ချက်အပြည့်နဲ့သွားတာမို့ ပြန်လာရင် ချစ်ရသူရဲ့လက်ကိုတွဲရဖို့ ရည်ရွယ်ထားသည်။

သွားပြီးသိပ်မကြာဘူး ကြားလိုက်ရတဲ့သတင်းက

အစ်ကိုဆော့ဂျင်နဲ့နမ်ဂျွန်းတို့ လက်ထပ်လိုက်ပြီတဲ့
ရယ်တော့ရယ်ရသား...သူလက်ထပ်တာကျွန်တော့်သူငယ်ချင်းအရင်းကြီး

အားလုံးက ကိုယ့်ကိုလှည့်စားကြပြီးမှ
သူတို့ပေးတဲ့အကြောင်းပြချက်က
ကိုယ့်အတွက််ငဲ့ပြီး မပြောခဲ့ကြတာတဲ့

ရှက်ဖို့ကောင်းလိုက်တာ  သူတို့ချစ်သူဖြစ်နေတာမသိပဲ
ဆော့ဂျင်ကိုချစ်တဲ့အကြောင်းတွေ နမ်ဂျွန်းရှေ့မှာပြောတယ်...
စဥ်းစားပေးမယ်ဆိုတုန်းက ပျော်နေခဲ့လို့
သူငယ်ချင်းတွေကို လိုက်ပြောခဲ့တယ်

ဒီကိုရောက်တော့လည်း ကိုယ့်ကိုယ်သဘောလာကျတဲ့ သူတွေကိုတောင် ငါ့မှာချစ်ရတဲ့သူရှိတယ်လို့ ထုတ်ပြောခဲ့တယ်

သူငယ်ချင်းအသစ်တွေကိုလည်း
ငါ့ချစ်ရသူကဖြစ်ကြောင်း သူ့အကြောင်းတွေမကြာခနပြောပြတဲ့အထိကို ရူးခဲ့တာ

နောက်ဆုံးတော့ သူတို့ချစ်ခြင်းကိုမသိပဲ
ခွဲခဲ့သလိုဖြစ်ခဲ့တဲ့ကျွန်တော်က ဗီလိန်ဖြစ်မှန်းမသိဖြစ်ခဲ့တာလေ

တရားလိုက်ကြတာ
ကျွန်တော့်အတွက် ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ သူတို့အကြောင်းပြချက်တွေကကောင်းခဲ့ပါတယ်

အစကတည်းကသာကြိုပြောထားရင်
မချစ်မိအောင်နေလိုက်မှာ
အခုတော့...

တရားကြပါတယ်...
ကျွန်တော့်ကိုလှည့်စားပြီးပျော်နေကြတာ

ငါပြန်လာမှာပါ...သေချာပေါက်မင်းတို့လည်းပြန်ခံစားစေရမယ်
မင်းတို့အားလုံးကို ငါစိတ်နာတယ်နမ်ဂျွန်း။

အဖြူရောင်လေး (အျဖဴေရာင္ေလး)Where stories live. Discover now