UNICODE
ငယ်သေးတဲ့အရွယ်မှာစချစ်မိတဲ့အချစ်ဟာ နာကျင်မှုတွေရတဲ့အခါ
မရင့်ကျက်သေးတဲ့လူတစ်ယောက်အတွက်တော့ နာကြည်းစရာအဖြစ်ပြောင်းလဲသွားတတ်တယ်အလယ်တန်းတုန်းက အဖေဆုံးမတာလက်ပါမိလို့ စိတ်ဆိုးသွားတဲ့ကလေးဟာ
အထက်တန်းရောက်တဲ့အထိအဖေ့ကိိုစကားမပြောပဲနေခဲ့ဖူးတယ်။ထိုမျှလောက် အမှတ်ကြီးသောထယ်ယောင်းက ဒီအချိန်ထိနာကြည်းနေတာမှားသလား
မှန်နေသလား။=====
ကျောင်းပိတ်ရက်မှာသူငယ်ချင်းတွေ
လျှောက်လည်ကြဖို့ တိုင်ပင်ထားကြသည်။ပိတ်ရက်မှာ ထယ်ယောင်းလည်းအလုပ်အားတာကြောင့် ထယ်ယောင်းကတွေ့ဖို့ရာ တောင်းဆိုထား၏။
ဂျောင်ကုနှင့် ယွန်းဂီ က သူငယ်ချင်းတွေဆိုပေမယ့်
ဟိုဆော့ကို စောင့်ရှောက်ကြတာမို့ အကြီးတွေလိုဖြစ်နေသည်။
ဟိုဆော့အကြောင်း အလုံးစုံသိသူမှာလည်း
သူတို့နှစ်ယောက်သာ။=====
ပိတ်ရက်ရောက်သည်နှင့် လျှောက်လည်ကြဖို့ရာ သူတို့နှစ်ရောက်လာခေါ်ကြသည်။
သူ့ဦးနှင့်ချိန်းထားသောဟိုဆော့တစ်ယောက်တော့အခက်တွေ့နေတာမို့
အိပ်ရာထဲမှာ ဖျားချင်ယောင်ဆောင််နေလိုက်၏။အိမ်ရှေ့မှာကားသံကြားသည်နှင့် စောင်ပုံထဲဝင်ကာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"ဦးဂျင်...ဟိုဘီရော"
"မင်းတို့ ဟိုဘီ သူ့အခန်းထဲမှာရှိပါ့ မနိုးသေးဘူး "
"အာ...အဲ့တာဆို သားတို့သွားနှိုးလိုက်မယ်"
အခန်းထဲကိုဝင်သည်နှင့် စောင်ကိုခေါင်းမူးခြုံထားသော ဟိုဆော့ပေါက်စကိုတွေ့ရသည်။
"ဟိုဘီ...ထတော့အိပ်ပုတ် ငါတို့မင်းကိုလာခေါ်တာ"
"အရင်ဆိုငါတို့ထက်အရင် ပြင်ဆင်ပြီးတဲ့ကောင်က ဘယ်လိုဖြစ်"
"ဟင်း...ကုကီးနဲ့ဂီဂီ...ငါ...ငါဖျားနေပြီ"
"ဟမ်...မှန်းစမ်း"
နှဖူးကို စမ်းတော့လည်းကိုယ်ကပူမနေပါ။
စောင်ပုံထဲမှာနေပြီး ချွေးစေးတွေတော့ပြန်နေ၏။
