UNICODE
ကိုယ့်အပြစ်နှင့်ကိုယ်မို့
ဒုတိယအကြိမ်ချစ််တယ်လို့ပြောဖို့ရာကို
အင်အားမရှိပေ။မဝံ့မရဲဖြစ်တာမို့
ကလေးအနားမှာစောင့်ရှောက်ရင်းနေလာတာလအနည်းငယ်တောင်ကြာနေပြီ။ဟိုဆော့နှင့်ထယ်ယောင်းမှာ
ချစ်သူရည်းစားမဖြစ်ရုံတစ်မယ်သာဟိုဆော့ဆိုးချင်တိုင်းဆိုးလို့ရသောရင်ခွင််သည်ထယ်ယောင်းဖြစ်သကဲ့သို့
ထယ်ယောင်း၏ တစ်ဦးတည်းသောပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းများသည် ဟိုဆော့အပေါ်တွင်မူတည်၏။အလုပ်ကိုပိုအာရုံစိုက်ဖြစ်နေပြီး
ကလေးကလည်း ကျောင်းပြန်တက်နေတာမို့
ကြားထဲမှာ အရင်လိုတောင်အဆက်အသွယ်မရတော့ဒီနေ့တော့အလုပ်ကိစ္စတစ်ခုအပြီး
ကျောင်းတင်းချိန်နှင့်တိုးတာမို့ ကျောင်းဖက်ကိုကားလှည့်မောင်းပြီးဝင်ကြိိုဖြစ်သည်။ရောင်စုံကျောင်းသားတွေကြားမှာ
ကိုယ့်ကလေးတစ်ယောက်သာ
အဖြူစင်ဆုံးနှင့် ချစ်ဖို့အကောင်းဆုံးဟုမြင်မိသည်။ကိုယ့်ကိုယ်မြင်တော့အပြေးရောက်လာ၏။
"ဦး! ဘာလာလုပ်တာလဲ"
"ဘီလေးကိုလာကြိုတာပေါ့..."
"တစ်ကယ်လားဦး"
"အင်း...ဘီလေးဘာစားချင်လဲ တစ်ခုခုသွားစားကြမယ်လေ "
"ဟုတ်ဦး ဗိုက်ဆာနေတာ ဟီး"
=====
"ဖြည်းဖြည်းစားပါ ဘီလေးရယ် အစားအသောက်တွေကထွက်မပြေးပါဘူး "
စကားတောင်ပြန်မပြောနိုင််ပဲ
ကလေးလိုစားနေတာ ပါးစပ်မှာcreamတွေပေပွလို့
ထယ်ယောင်းက ဘေးကနေတစ်ရှူးဖြင့်အသာလိုက်သုတ်ပေးနေရ၏။မြင်ရသူများအဖို့တော့ အသည်းယားစရာမြင်ကွင်းပင်
Sugar Daddyကြီးက သူ့ကောင််လေးကိုသိပ်ကိုဂရုစိုက်တာပဲဟူ၍ ထင်ကြေးပေးနေကြ၏။ကုမ္မဏီကအပြန်မို့ ဝတ်နေကြ CEO ဟန်ပန် Gentlemen ဆန်ဆန်မို့ Daddy သိပ်ကိုဆန်နေသည်မဟုတ်ပါလား
"ဦးကိုမနာလိုလိုက်တာ"
အစားစားနေရင်း မျက်စောင်းငယ်ကလာထိုးသေး၏။