UNICODE
တစ်ညလုံးကိုယ်တွေတစ််ကိုယ်လုံးပူကျစ်နေပြီး
အဖျားတက်နေခဲ့တယ်
နေ့လည်ကအဖြစ်အပျက်ကိုကလေးဟာတော်တော်လန့်သွားပုံပဲ
မကာကွယ်ပေးနိုင််တဲ့ကိုယ့်ကိုယ်ကိုယ်
ပဲအပစ်ထပ်တင်မိပြန်တယ်
ဘာလို့များကိုယ့်အဖြူရောင်လေးအမြဲတမ်းနာကျင်ရတာပါလဲ"အင်း...ဟင်း..ဦး...အီးဟီး"
"မငိုပါနဲ့ ဘီလေးရယ် ခေါင်းပိုမူးနေမယ်"
ကျစ်! တောထဲတောင်ထဲမို့ရာသီဥတုကအေးစိမ့်စိမ့် ရွက်ဖျင်တဲထဲမှာကလေးနဲ့ကိုယ်နှစ်ယောက်တည်းရယ်
ဂျောင်ကုတို့တော့စောစောကပဲပြန်သွားကြတယ်တစ်ညလုံးနီးပါးနှဖူးကိုရေဝတ်တင်ပေးပြီးမှ အဖျားကျတော့တယ််
တစ်ညလုံးသူ့ဖေဖေနဲ့ပါပါးကိုယောင်ပြီး
ခေါ်ငိုနေလေရဲ့ကိုယ့်ရဲ့ရှဥ့်ပေါက်စကိုရင်ခွင်ထဲထည့်ထားမယ် အဖျားတွေဒီလူကြီးကိုပဲကူးပါစေသား
=====
ဆက်နေဖို့ရာမဖြစ်တော့တာမို့ကလေးကိုပြန်ခေါ်လာခဲ့ရသည်။
ကလေးကကောင်းသည်လည်းမပြောဆိုးသည်လည်းမပြော တိတ်ဆိတ်နေခဲ့၏။နီးစပ်ရာဆေးရုံတစ်ခုကိုသွားပြခဲ့ပြီး
ကလေးကမပြန်ချင်ဘူးဆိုတာမို့
တိတ်ဆိတ်သောနေရာတစ်ခုသို့
ကားလေးမောင်းထွက်လာခဲ့သည်။"ဦး"
"ဗျာ"
"ကျွန်တော်တို့ကအရင်ကဘာတွေလဲဟင်"
"ဘီလေးပြောတာကိုနားမလည်ဘူး"
နားမလည်ချင်ယောင်ဆောင်တယ်ဆိုပိုမှန်လိမ့်မည် မသိချင်ပါနဲ့လားဘီလေးရယ််
"ဦးနဲ့ကျွန်တော်ကအရင်က တွဲခဲ့ဖူးတာလား"
"ဘာလို့မေးတာလဲ ဘီလေး"
"ကျွန်တော််ကားမတော်တဆမှုဖြစ်တုန်းကဦးအိမ်ရှေ့မှာဆို ဦးနဲ့ကျွန်တော်တို့တွဲခဲ့ကြတယ်ဆို ဘာလို့"
ကျွီခနဲအသံနှင့်အတူ ထယ်ယောင်းကားကိုဘရိတ်အုပ်လိုက်သည်။
"ဘီလေး ဟိုမှာထိုင်ခုံလေးရှိတယ် အေးဆေးနေရော သွားထိုင်မလား"