UNICODE
သူစိတ်ပါလျှင်စကားတွေအများကြီးရွှန်းရွှန်းဝေအောင်ပြောတတ်ပြီး
သူစိတ်မပါလျှင်တစ်ခွန်းမှမပြောပဲ ငြိမ်နေတတ်သည်။တစ်ခါတစ်လေဘာကိုငေးနေဆွေးနေမှန်းမသိမှိုင်တွေနေတတ်သည်။
ကလေးနားမှာအခုလိုနေခွင့်ရတာကပဲ
ကံကောင်းခြင်းတစ်မျိုးမလားထယ်ယောင်း၏ ကျန်နေသေးတဲ့ဘဝသက်တမ်းတစ်လျှောက် ဟိုဆော့ကိုသာ
စောင့်ရှောက်ရင်းကုန်ဆုံးသွားချင်တော့သည်။ကုမ္မဏီကိုလည်းပစ်ထားမိတာကြာပြီမို့
ဒီနေ့တော့အလုပ်စားပွဲရှေ့တွင်ရောက်နေခဲ့သည်။စိတ်အစုံကတော့ ကလေးဆေးမှသောက်ပါ့မလားဆိုတဲ့အတွေးဖြင့်
ကလေးမျက်နှာလေးကိုအပြေးတွေ့လိုက်ချင်သည်။ပူတူးလေးလို့ခေါ်ခဲ့တဲ့အချိန်တွေကိုသတိရပေမယ့် အဲ့လိုပြန်ခေါ်ဖို့မဝံ့မရဲရယ်ပါ
ကလေးကိုအခုချိန်ချစ်ကြောင်းဖွင့်ပြောလိုက်ရင် အတိတ်ကိုမေ့နေတဲ့ကလေးကိုအနိုင်ယူသလိုများဖြစ်သွားလေမလား...တစ်နေကုန်အလုပ်လုပ်နေပေမယ့် စိတ်ကကလေးဆီမှာပဲရှိနေတာမို့ အရင်နေ့တွေကထက်၂ဆပိုပင်ပန်းနေသည်။
"Boss"
"ဝင်လာခဲ့"
"အပြင်မှာဧည့်သည်ရောက်နေပါတယ်"
"ဘယ်သူလဲ"
"ကောင်လေးတစ်ယောက် နာမည်ကဟိုဆော့လို့ပြောတယ်boss "
"ဟမ်! စောင့်နေတာကြာပြီလား"
"နာရီဝက်လောက်တော့ရှိပါပြီ "
"ဘာ! ဘာလို့စောင့်ခိုင်းရတာလဲ!
နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့ သူ့ကိုငါ့ထက်ပိုလေးစားပြီးအရေးပေးရမယ် သဘောပေါက်လား "ကြောင်အမ်းအမ်းဖြစ်သွားတဲ့ဝန်းထမ်းဟာ ထယ်ယောင်းအမြန်ပြေးထွက်သွားတာကိုပဲကြောင်ကြည့်နေမိပြန်တယ်
ပုံမှန်ဧည့်သည်တွေဆို bossအားမှတွေ့ခွင့်ရှိတာ သိပ်အရေးမကြီးရင် အလုပ်ဆင်းချိန်မှ
တွေ့တာမျိုးဧည့်ဆောင််ကိုအမြန်ပြေးသွားတော့
ဆိုဖာပေါ်မှာအိပ်တောင်ပျော်နေတဲ့ကလေး