UNICODE
ပုံမှန်လုပ်နေကြလုပ်ငန်းဆောင်တာတွေအတိုင်း လုပ်ပြီးအိမ်ခနပြန်ခဲ့တယ်
ဆေးရုံမှာနမ်ဂျွန်းတို့ကျန်ခဲ့ပြီး
ဖုန်းဆက်လာတယ်လူတစ်ကိုယ်လုံးမြောက်တက်သွားသလိုမျိုး
ခံစားချက်က...
ဟိုဆော့လေးသတိရလာပြီတဲ့ဖုန်းချချပြီးချင်း ဆေးရုံကိုအပြေးသွားခဲ့တယ်
ပြာယာခတ်ပြီး တိုက်မိသွားသည့်
သူကိုယ်တိုင်စိုက်ထားသောစံပယ်ပန်းအိုးကလေးမှာ ကွဲပြီးကျန်ခဲ့သည်ကိုလည်းသူဂရုမစိုက််အားခဲ့ပါ။=====
"ပါပါး ထပ်ကျွေးအုံး"
ဆော့ဂျင်က ဟိုဆော့အား
ပန်းသီးကိုစိပ်ကျွေးနေ၏။"ဒီလောက်ပဲစားပါ သားသားရဲ့
နေကောင်းလာမှအများကြီးထပ်ကျွေးပါ့မယ်""ဟွန့်...သားဗိုက်ကဆာနေသလိုကြီး"
"ဟုတ်ပါတယ် အခုသားသားကအများကြီးစားလို့မရသေးဘူးလေ "
ကလေးပေါက်စက အခုပဲသတိရတယ်အခုပဲစားနေပြီ သူ့ပါပါးကလည်း
ဆရာဝန်မသိအောင််
ကလေးကိုခိုးကျွေးနေတယ်ထင်ပါရဲ့
မနိုင်စိန်ပါပဲ။=====
ဆေးရုံရောက်ရောက်ချင်းအခန်းထဲကို
ပြေးဝင်သွားတော့ ခုတင်ပေါ်မှာ
ထိုင်လျက်သားနဲ့ကလေးလေး
နဂိုထဲကလူကောင်ကသေးပါတယ်ဆို
အခုတော့ သေးသေးလေးကျန်တော့တယ်
ပိန်သွားပေမယ့်် ကြည့်ကောင်းနေတုန်းပါပဲ။"ထယ်ယောင်း ရောက်လာပြီပဲ"
"ပူတူး..."
သူ့ကိုခေါ်လိုက်ပေမယ့် ထယ်ယောင်းကို
ကြောင်တောင်တောင်ကလေးကြည့်နေ၏။"ပူတူးလေး...ဦး...တောင်းပန်ပါတယ်
ဦးလေ ကိုယ့်အမှားကိုယ်သိပြီမို့ပူတူးလေး
အနားမှာပဲနေတော့မယ်နော်"ထယ်ယောင်းပြောနေပေမယ့် ဟိုဆော့ကတော့ ဘာမှမပြောပဲဒီတိုင်းသာကြည့်နေ၏။
"ပါပါး သူကဘယ်သူလဲ"
သေချာကြည့်ပြီးမှ မသိဘူးတဲ့လား...
တစ်ခြားလူတွေကိုသိပြီး ကိုယ့်တစ်ဦးထဲကိုမေ့နေတာ...
ကလေးနောက်နေတာပဲဖြစ်ပါစေတော့