UNICODE
"သွားမယ်လေကွာ နော် ဂီဂီ"
"မသွားပါဘူး "
"ဟင့်...ကုကီး...သွားကြမယ်လေ နော်လို့"
"မသွားဘူး...ဘယ်လိုဖြစ်နေလဲ ဟိုဘီ
ဟိုကလူကြီးတွေပဲတက်ကြမှာ ငါတို့လူငယ်တွေနဲ့ ဘာမှမဆိုင်ဘူး""မင်းတို့ကလည်း ဆိုင်လို့ပဲ ဦးကဖိတ်တာပေါ့ကွ...ဦးကိုအားနာစရာကြီး"
"အားမနာပါဘူး...မင်းသွားမှပွဲကဖြစ်မှာမဟုတ်ဘူး"
"ဘာလို့ သူနဲ့သိပ်ရောနေရတာလဲ
သူကလူကြီးနော်ဟိုဘီ သူ့အကန့်နဲ့သူနေပါစေ""မင်းတို့ကလည်း ဦးကငါတို့ကိုခင်လို့တကူးတကဖိတ်ထားတာလေ
မသွားရင်မကောင်းလို့ပေါ့...ဟင့်ငါ့ကိုဆိုအလိုမလိုက်ချင်ကြဘူးမင်းတို့က....ဟင့်"
သူတို့နှစ်ယောက်ကိုစိတ်ဆိုးပြီး ရေချိုးခန်းထဲကိုပြေးဝင်သွား၏။
ဟိုဆော့က သူတို့နှစ်ယောက်ကိုဆိုသိပ်ချွဲတယ်
သူတို့ကဟိုဆော့ရဲ့ ဒုတိယထိန်းသူတွေလို..."ဘယ်လိုလုပ်မလဲ ဂီဂီ"
"ဟိုဘီကဝမ်းနည်းသွားပြီကွ...ငါတို့ခွင့်ပြုလိုက်ကြမလား"
"အင်း ငါရောပဲ...ငါတို့လိုက်သွားလည်းရတာပါပဲ...နော့"
"အင််း ဟိုဘီကိုသွားခေါ်လိုက်အုံး"
"ဟိုဘီရေ...ထွက်လာခဲ့တော့ "
"မထွက်လာဘူး...ဟင့်...ငါ့အိမ်ကပြန်ကြတော့"
"ရား...ဟိုဘီစုတ်...ငါတို့ခွင့်ပြုတယ််လို့"
ထိုအခါမှ ရေချိုးခန်းထဲကပြေးထွက်လာ၏။
မျက်ရည်တွေတစမ်းစမ်းဖြင့်"တစ်ကယ်ပြောတာလား!"
"အင်းပါဆို...ညနေလာခေါ်မယ််အဆင်သင့်ပြင်ထား "
"ရေး...မင်းတို့ကအကောင်းဆုံးပဲ အဲ့တာကြောင့်် ချစ်တာ ဟီး"
"အပိုတွေ..."
ကလေးဆန်ဆန်ဟိုဘီကိုသူတို့အမြဲဂရုစိုက််ရတယ်
ဟိုဘီ တစ်ခုခုဖြစ်မှာမလိုလားဘူး
သူကသိပ်နုနယ်တာ...လောကကြီးအကြောင်းနားမလည်ဘူး။
