UNICODE
ဟိုဆော့နှင့်မတွေ့ရဆိုသောပထမတစ်ရက်မှာတင် ထယ်ယောင်းရူးနေလေပြီ
ဒီလိုနေ့ရက်မျိုးကိုတစ်လကြီးများတောင်ဖြတ်သန်းရအုံးမည်။မနေနိုင်သည့်အဆုံးအသံလေးကြားချင်လို့
သူ့အိမ်ဖုန်းကိုခေါ်လိုက်မိသည်။"ဟယ်လို...ဘယ်သူလဲမသိဘူး"
အသံစွာစွာကလေးက ကလေးအသံမှန်းသိပ်သိသာသည်။
ကိုယ်ဖြင့်အမောကိုပြေသွားရော"ဟုတ်မပြောရင်ချလိုက်တော့မယ်နော််"
"အာ...နေပါအုံး"
"ဟင်...ဒါ! ဦး! ဘာလို့ဖုန်းဆက်တာလဲ
ဦးတော့""ဘီလေးကို ဖုန်းမဆက်ရလို့ပဲပါတာနော်
ဦးကအခု ဘီလေးကိုမဆက်ပါဘူးနမ်ဂျွန်းကိုဆက်တာလေ"လူကြီး လူလည်ကြီးကိုယ့်ကိုယ်ဆက်ချင်မှန်းသိပါ့သိပါ့
"အဲ့တာဆိုလည်း ဖေဖေ့ဟမ်းဖုန်းကိုခေါ်လေ
အိမ်ဖုန်းကိုမခေါ်နဲ့နောက်တစ်ခါ""ဘာလို့လဲ ကလေးရယ်"
"တွေ့လား ဦးကကျွန်တော့်အသံကြားချင်လို့ခေါ်တာမလား ဟွန်းနော်ဒီတစ်ခါပဲရမယ်
နောက်ဒီဖုန်းကိုမဆက်ရဘူး""အင်းပါ..."
စိတ်မကောင်းပဲဖုန်းချသွားပေမယ့်
ဒီလောက်တော့ခံလိုက်အုံးလူကြီးရေ့=====
ကျောင်းဆင်းချိန် ကျောင်းနားမှာတဝဲလည်လည်နဲ့လာချောင်းတတ်သေး
အန်ကယ်လေး ဂျီမင်းဆီကိုလာတာလိုလိုနဲ့
ကျောင်းကိုခနခနလာတာတွေ့သားပဲ
ကိုယ်ကတော့အတတ်နိုင်ဆုံးရှောင်နေလိုက်တယ် မတွေ့စေရဘူးလူကြီးစုတ်ကြီးဒီနေ့လည်းကျောင်းဘက်ကိုမယောင်မလည်ရောက်လာပြန်ပြီ
ကလေးတော့မမြင်အောင်အတတ်နိုင်ဆုံးပုန်းနေတာပဲ မမြင်ဖို့ပဲဆုတောင်းပါတယ်
ကိုယ်ဘယ်လိုမှမနေနိုင်လို့ရယ်မျက်စိရှေ့ကမြင်ကွင်းက စိတ်မသက်သာစရာ...ကလေးကျောင်းထဲကထွက်လာလာချင်းမှာပဲ
ဟို V ဆိုသောချာတိတ်လေးလာခေါ်တာတွေ့လိုက်ရသည်။ကောင်လေးခေါ်ရာနောက်ကိုလိုက်သွား၏။
ကောင်လေးက ဘာတွေကပ်ပြောနေမှန်းလဲမသိ နှစ်ယောက်သားကြည်နူးနေလိုက်ကြတာ
