UNICODE
အလုပ်ကအပြန်လမ်းမှာ ဖုန်းဝင်လာခဲ့တယ်
ကိုယ်အဆက်အဆံမလုပ်ချင်သောလူတစ်ယောက်ဆီက"နမ်ဂျွန်း..."
ဒီအသံကိုမှတ်မိပါသည်။ ဒီအသံဟာ
ထယ်ယောင်းအသံပင်"ဘာလဲ!"
"ဟက်...မင်းကိုပြောစရာလေးရှိလို့ပါ"
"ဘာကိစ္စလဲ"
"မင်းရဲ့တစ်ဦးတည်းသောသားလေးကလေ
ငါ့ဆီရောက်နေတယ်""ဘာ!"
"ပူတူးလေးငါ့ဆီရောက်နေတယ်ကွ
မင််းကမိဘဖြစ်ပြီးအတော်ညံ့တယ်နော် ကိုယ့်သားသမီးချစ်သူရနေတာတောင်မသိ""မင်းဘာပြောနေတာလဲ ကင်ထယ်ယောင်း!"
"ဟူး...မင်းကိုအသိပေးတာပါ မင်းသားကငါ့ဆီရောက်နေတယ်"
"တောက်စ်"
ကလေးနဲ့ဘာဆိုင်လို့ဆွဲထည့်ရတာလဲ
အတော်ယုတ်မာတာပဲ ကင်ထယ်ယောင်း...=====
အကြောင်းအရင်းကိိုမသိရပဲ ဦးနဲ့ခွဲနေတာ
ကျွန်တော် ပျော်ပါ့မလား
ဦးက ချစ်တယ်လို့ထင်နေမိတုန်းပဲ
ဦးမျက်လုံးတွေကမလိမ်ဘူးလေ...
ဦး...ဦးကိုသိပ်လွမ်းတယ်
ဦးကနေနိုင်လိုက်တာ
ဆက်သွယ်ဖို့တစ်ချက်မကြိုးစားခဲ့ဘူး
ကျွန်နော့်ဘက်ကသာ...=====
"ဦး...တံခါးဖွင့်ပါ! ဦးရေ...ပူတူးလာတယ်လေ "
တံခါးကိုထုရိုက်နေပေမယ့် ဦးဟာထွက်မလာခဲ့
ခြံတံခါးးကိုအထဲကနေသော့ခတ်ထားပြီး
အိမ်တံခါးကကပွင့်နေတာ ဦးမရှိဘူးဆိုတာဖြစ်နိုင်ပါ့မလား"ဦး...ထွက်လာပါ...ဦးကျွန်တော်လာတယ်လေ"
ခေါ်ပါများတော့ ထွက်လာတယ်
ဦးပုံစံက တွေ့နေကြပုံစံမျိုးမဟုတ်
ဆံပင်တွေဖွာလန်ကျဲပြီး
အင်္ကျီတွေဟာအစီစဥ်မကျ"ကျစ်! ဂျောင်ဟိုဆော့ မင််းပြန်တော့"
"ဦး!...ဦးဘယ်လိုပြောလိုက််တာလဲ"
"မင်းကြားတဲ့အတိုင်းပဲ..."
"ဦး!!! ဒါဘာစကားလဲ ကျွန်တော်ဦးဆီကိုခိုးထွက်လာတာလေ"