UNICODE
ဆယ်ကျော်သက်အရွယ်ကပဲကြည့်ဖူးခဲ့တဲ့ရုပ်ရှင်
နှစ်ပေါင်းများစွာကြာပြီးမှ ပူတူးနှင့်လာကြည့်ခြင်းဖြစ်သည်။အရင်က ဆော့ဂျင်ရယ် နမ်ဂျွန်းရယ်နှင့်အတူကြည့်ခဲ့တာကို သတိရမိသေးပါ၏။
အဲ့ကတည်းကတုံး အ နေခဲ့တာ..."ဦး...ပူတူးမုန့်သွားဝယ်အုံးမယ်နော်"
"အင်း...ပူတူးလေးကြိုက်သလောက်သွားဝယ် ဦးလက်မှတ်ယူပြီးရင် လိုက်လာရှင်းပေးမယ်"
"ဟုတ်..."
ကလေးမူကြိိုကျောင်းသွာမည့်စတိုင်လ်ဖြင့်
အရုပ်ကျောပိုးအိတ်ကလေးလွယ်ထားသော
အကောင််ပေါက်ကိုထယ်ယောင်းသာမက ဘေးကလူများကပါသဘောတကျကြည့်နေကြသည်။သူတို့ကဦးလေးနှင့်တူလေး ဟုထင်ချင်ထင်နေကြလိမ့်မည်။
"ဂျောင်ဟိုဆော့!"
နောက်မှပြိုင််တူထွက်လာသောအသံကြောင့်
ဟိုဆော့လန့်သွားရသည်။
သေချာသည် ဒါဟာ ယွန်းဂီနှင်ဂျောင်ကု"ဘာလာလုပ်တာလဲ"
"ငါ..."
"ပြန်လိုက်ခဲ့!"
ဟိုဆော့လက်ကိုဆွဲပြီး ခေါ်သွားကြမယ့်နှစ်ယောက်ကို ထယ်ယောင်းအချန်မီလာတား၏။
"ဘာလုပ်တာလဲ!"
"ဘာလဲ ကျွန်တော််တို့သူငယ်ချင်း ကျွန်တော်တို့လာခေါ်တာ ဘာဖြစ်လို့လဲ"
"ဟက်! ကောင်လေးတို့ သူကကိုယ်နဲ့ရုပ်ရှင်လာကြည့်တာလေ ဘာလို့ရမှာလဲ"
"ဘာ! ဟိုဆော့!"
=====
ဟိုဆော့က ခေါင်းကိုငုံ့ထားပေမယ့်
ထယ်ယောင်းက မကြောက်စေရန်လက်ကိုကိုင်ထားပေး၏။"အဲ့တော့...မင်းတို့က တွဲနေကြတာပေါ့"
"ဟုတ်တယ်...ပါပါးတို့ကိုပြန်မပြောဘူးမဟုတ်လားဟင်် "
"ဒါတော့..."
"ပူတူးက ကလေးမဟုတ်တော့ပါဘူး
သူ့စိတ်တိုင်းကျရွေးချယ်ပါစေ မင်းတို့ကသူ့မိဘတွေလည်းမဟုတ်ဘူးမလား""ကျွန်တော်တို့နားလည်ပါတယ်
ဟိုဆော့က ဖြူစင်တယ်ဗျ
ဦးလေးကြီးဖြစ်နေလို့ကိုကျွန်တော်တို့ကစိတ်မချနိုင်တာ "