Ep-16(Unicode)

33.2K 3K 129
                                    


"နမ်းတော့မှာလား"

မနက်(၆) နာရီ သူမျက်လုံးပွင့်တာနဲ့ စမေးသည့်စကား အခုမနက်(၉)နာရီအထိဆိုရင် စုစုပေါင်း (၁၄) ကြိမ်ရှိပြီဖြစ်သည်။

တိမ်နက်က စပျစ်ပင်အခြေကို မြေဩဇာထည့်နေရင်း ခေါင်းခါပြလိုက်သည်။ထိုအခါ ဘေးနားကပ်ထိုင်လျက်

"ခင်ဗျားကလည်း"

"ငါပြောတာ  နောက်ရက်၊မနက်ဖြန်လို့ပြောတာမှမဟုတ်ဘဲ"

တည်တည်ငြိမ်ငြိမ်နဲ့ပြောလာတဲ့ အမူအရာကို ညိုခွန်း ဆွဲရမ်းသာပစ်လိုက်ချင်တော့သည်။ ခန္ဓာကိုယ်မမျှလို့သာ သည်းခံနေတာ။

"အတိုးတွေများကြီးနဲ့ ဘဝပျက်သွားတဲ့လူတွေအကြောင်း ခင်ဗျား ကြားဖူးလား"

"မင်းက ချစ်တီးလား"

"အချစ်နဲ့ပတ်သတ်ရင်တော့ တီးသင့်တီးရမှာပဲ ဒီမယ် ကျွန်တော်လည်း ယောကျာ်းလေးဗျ ဖွင့်ပြောပြီးရင် တုန့်ပြန်ချက်လိုချင်တာပေါ့  ခင်ဗျားက ခန္ဓာကိုယ် ကြီးတယ်ဆိုတိုင်း မူနေတာ"

"ဘာဆိုင်လဲ "

တွဲလာဖူးသမျှ ရည်းစားတိုင်းက လာဖွင့်ပြောခဲ့ကြတဲ့လူတွေချည်းပဲ။ သူတို့လာပြောတာနဲ့ ကိုယ်သဘောကျရင်  ချက်ချင်းတွဲမယ်ဆိုပြီး သဘောတူလိုက်တာ။ ဘယ်ရက် ၊ညာရက်ရွေ့တယ်လို့ ထုံးစံမရှိ။ အခု ကိုယ်တိုင်ပထမဆုံး ဖွင့်ပြောခဲ့တာကြောင့် ပိုစိတ်လောကာ သူ့အချစ်ကိုမြန်မြန်ရချင်သည်။ သို့သော် လူတစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် အချစ်ဆိုတာကိုတော့ ဇွတ်မတောင်း။ ဒီအတိုင်း နမ်းခိုင်းတာလေးတောင်မရဘူးလား။ ဟိုစကားပုံရှိတယ်လေ "မချစ်သော်လည်း အောင့်ကာ နမ်း"တဲ့။ဒါလေး နမ်းပေးလိုက်ရမှာ ဘာဖြစ်လဲ။ကိုယ်က သူနမ်းတာ ခံချင်လို့ အရှက်မရှိ လိုက်တောင်းနေရတာ ကြာတော့ ရှက်တောင်ရှက်ချင်လာပြီ။

"မနမ်းလည်းနေဗျာ  ကျွန်တော် နေ့လည်စာ သွားချက်လိုက်အုံးမယ် ခင်ဗျား ထမင်းစားချိန်တော့ ပြန်လာမယ်မလား"

"အင်း"

ဘောက်ဆက်ဆက်နဲ့ ထွက်သွားသော ကျောပြင်ကို ခြံအပြင်ရောက်သည်အထိ လှမ်းကြည့်မိသည်။ပထမဆုံး ဆုံချိန်တုန်းကလို လှည့်ကြည့်မလာခဲ့ပါ။သို့သော် ဖြူလွှလွှပုံရိပ်လေးကတော့အရင်တိုင်း မျက်လုံးမလွှဲနိုင်အောင်ရှိသည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now