Ep-15(Unicode)

29.6K 2.9K 394
                                    



ညိုခွန်း ခြံပေါက်ရောက်တော့ အတော်နဲ့ မဝင်ဘဲ ရပ်နေမိသေးသည်။ထိုသူတို့နှစ်ယောက်က ဘယ်အခြေအနေထိ ရောက်နေမလဲ တွေးမိပြီး စံအိမ်ကို ပထမဆုံး သူ့အခန်းကို စရောက်ဖူးတဲ့ အခြေအနေထက် ဆိုးသည်။အဲ့တုန်းက ထက်အများကြီး ပိုချစ်နေပြီဖြစ်တာကြောင့် အများကြီးလည်း ပိုခံစားရ၏။

ထို့ကြောင့် အချိန်ဆွဲပြီးဝေ့ဝိုက်မနေတော့ဘဲ ဖွင့်ပြောတော့မည်ဖြစ်ကြောင်း ညိုခွန်း ဆုံးဖြတ်ချက်ချလိုက်သည်။ဒီလိုတွေးလိုက်တာနဲ့တစ်ပြိုင်တည်း ခြံတံခါးဆွဲဖွင့်သော လက်တွေကအစ အားအင်အပြည့်ဖြင့်။

ဖွင့်ပြောရမှာဆိုတော့ လိုရမယ်ရ ခြံပေါက်ဝမှာ နွယ်တက်နေသော ဘာမှန်းမသိတဲ့ အဖြူရောင်ပန်းတွေအား လက်တစ်ဆုပ်စာမျှ လှမ်းခူးခဲ့သေးသည်။ခုတင်ပေါ် ရောက်နေလည်း ဘာအရေးလဲ။ ညိုခွန်းတို့က ပြောမယ်ဆို ပြောမယ်ပဲ။

"ပြန်လာပြီလား "

"ဘုရားကြီး!"

ကိုယ့်အရှိန်နဲ့ကိုယ် အားတင်းပြီး အိမ်ထဲ တန်းဝင်မလို့ လုပ်နေတုန်း ခြံထောင့်နေ ထွက်လာသော အသံကြောင့် ညိုခွန်းလန့်သွားသည်။လှမ်းကြည့်လိုက်တော့ လက်ထဲမှာ ပေါက်တူးတစ်လက်နဲ့ ခြံထောင့်က မြက်ရိုင်းပင်တွေကို ရှင်းနေသော တိမ်နက်မှာ အပေါ်ပိုင်းဗလာဖြင့်။ညနေ မှောင်ရီပျိုးချိန် သစ်ရိပ်ကျသောနေရာမှာတောင် ချစ်ရသူက ကြည့်ကောင်းနေသည်။

ညိုခွန်းလက်ထဲကပန်းကို အနောက်ဖွက်ကာ အနားလျှောက်သွားလိုက်ပြီး

"ခင်ဗျား ဟိုမိန်းမနဲ့ အိပ်နေတာမဟုတ်ဘူးလား"

"ကလေးရဖို့အတွက်အိပ်တာတဲ့ ၊ အဲ့တော့ ငါမပြီးမချင်း တက်ခုန်နေတာ စိတ်ညစ်လာလို့ ပြန်လွတ်လိုက်တယ်"

"အဲ့လောက် ဒဲ့ကြီးမပြောစမ်းပါနဲ့ "

"မင်း မေးတာလေ"

"အင်းပါ မှားပါတယ်"

ညိုခွန်းက ဘုကြည့် ပြန်ကြည့်ပြီးပြောပေမယ့် သူမျက်နှာက နဂိုအတိုင်းပဲ။သိချင်လို့ မေးတယ်ဆိုတာ ဟိုအမကြီး နာပြီးများ ပြေးဆင်းသွားသလားလို့ပေါ့။ ဘယ်နှယ့် တက်တောင် ခုန်နေဆိုပဲ။မကြားဝံ့မနာသာတွေဗျာ။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now