Idol အား ထိခိုက်လိုခြင်းမရှိပါ fic သဘောစိတ်ကူးသက်သက်တာဖြစ်ပါသည်
မြက်ခင်းတွေစိမ်းနေတဲ့ ခြံကြီးတစ်ခုထဲက ခုံပေါ်တွင်ထိုင်နေသော ကောင်လေးတစ်ယောက်ရှိခဲ့တယ်
မြက်ခင်းတွေ အရမ်းလှတယ်မောင်
မောင်ရောက်ရာ အရပ်ကနေ ပျော်ရွှင်မှုနှင့်ပြည့်နေပါစေမောင်
မောင့်ကိုအရမ်းလွမ်းတယ်
တွေ့ချင်တယ် သတိရတယ်ထက်ပိုတယ်မောင်
မောင်မရှိတဲ့အတောအတွင်း ကိုယ်ဘယ်လိုမှအဆင်မပြေခဲ့ဘူးမောင်
မောင့်ကို တွေ့ချင်မိတယ်မောင်
မောင် တစ်ခြားသူနဲ့ ရှိနေရင်လည်း ပျော်ရွှင်အောင်ကျော်ဖြတ်နော်
ကိုယ်နားလည်ပေးတာမို့လို့
မောင်အရမ်းချစ်တဲ့ အိမ်လေးနဲ့ ခြံပါ ကိုယ်ဝယ်လိုက်မိတယ်မောင်
အရင်က ကိုယ်တို့ပျော်ခဲ့တဲ့ နေရာလေးက အခုဆို ပြောင်းလဲလာလိုက်တာ
မောင်မရှိလို့လားမသိဘူး အိမ်ကြီးက ခြောက်ကပ်နေတာပဲမောင်
မောင် သိလားဟင် အခုဆို ကိုယ့်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ သားလေး ရှိတယ်ဆိုတာ သားလေးက အရမ်းချစ်ဖို့ကောင်းတယ်မောင် မောင့်သွေးသားလေးကိုတောင် မောင်တွေ့ခွင့်မရဘူးနော် အင်းပေါ့ မောင်က အလုပ်တွေ နဲ့ရှုပ်နေတာကို ကိုယ့်ကိုယ်တောင် ငါးနှစ်တိတိအဆက်သွယ်ဖြတ်ခဲ့သေးတာပဲလေ
မောင့်ကို သတိရတိုင်းမောင့် သီချင်းတွေနားထောင်နေမိတယ်မောင်
မောင့်ကို အမြဲတမ်းသတိရနေခဲ့တယ်မောင်
မောင်မရှိပေမယ့် ကိုယ် ရပ်တည်နိုင်ခဲ့တယ်မောင်
ဘာလို့ဆို ကိုယ်လဲကျလို့မဖြစ်ဘူးမလား ဘာလို့ထင်လဲမောင်
မောင့်ရဲ့ ရင်သွေးလေးကြောင့်ပေါ့မောင် သားလေးအတွက် ကိုယ်ရပ်တည်နေခဲ့တာ
အခုတောင် သားလေးက ငါးနှစ်ပြည့်ပြီးမောင် မောင့်သားလေးက မောင့်လိုပဲ မျက်လုံးကလေးက ချစ်စရာလေး
နှုတ်ခမ်းပါးလေးကလည်း သေးသေးကလေး
မောင့်သားက မောင့်လိုပဲ သိလား အိပ်ရင်တော့ မွေ့ရာပေါ်မှာဘာမှမရှိအောင်ကိုပစ်ချတာ အံမယ်မောင့်သားက သေးသေးလေးပဲရှိသေးတယ် မောင့်လိုပဲ ဟောက်တတ်တယ်ဗျာ
ဟောက်တဲ့အသံလေးက တော်တော်ရီရတယ်မောင်
အင်း အခုကိုယ်ပြောတာ အားလုံးမောင်ကြားရင် ဘယ်လောက်ကောင်းမလဲမောင်