Stillဆိုသော ကလပ်တစ်ခုတွင် စမတ်ကျကျထိုင်ကာ အရက်ခွက်အားကိုင်ပြီး မိန်းကလေးတစ်ယောက်ခါးကို ဖက်ထားလေသော ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရှိခဲ့သည်
"Darling ကလည်းကွာ "
"အဟက် ကိုယ့်အချစ်က အရမ်းလှတယ်ကွာ"
ဆိုပြီး ထိုကောင်လေးက ပြုံးပြလေသည်
ခွမ်း💢
ရုတ်တရက် ဘေးနားက ခုံတွင် အသံကြားလို့ လှည့်ကြည့်လိုက်သောအခါ အသားလေး ခပ်ဖြူဖြူနဲ့ စားပွဲထိုးလေးကို ရန်ထရှာသော ကောင်တွေပင်
ရန်ရှာ ချင်လည်း ရန်ရှာချင်စရာပဲလေ ဘယ်နှယ့် အဲ့စားပွဲထိုးလေးက စားသောက်စရာတွေကို ယူလာတာ တုန်ရီရီနဲ့ဖြစ်မယ် အဲ့ကောင်အပေါ်အကုန်ပြုတ်ကျသွားတယ်လေ
"ဒီမှာ ကောင်လေး မင်းမျက်လုံးကန်းနေလား !!!!!!!!"
အသားခပ်ဖြူဖြူနဲ့ ကောင်လေးက တောင်းပန်လေတယ်
"ကျွန်တော် မတော်တဆဖြစ်သွားတာပါ တောင်းပန်ပါတယ်"
"အဟက် မင်းက ဒီလိုတောင်းပန်ရုံနဲ့ ပြီးရောလား ဘယ်မှာလဲ မန်နေဂျာ"
ဆိုပြီး အဲ့ကောင်က ကလပ်က မန်နေဂျာကို အော်ခေါ်နေလေတယ်
"မန်နေဂျာ ရော ဟမ် မင်းတို့မန်နေဂျာကို ခေါ်လေ"
"ဘယ်သူဘာဖြစ်တာလဲ" ဆိုပြီး
ချောမော လှတဲ့ လူတစ်ယောက် ကျော့ကျော့မော့မော့ပင် လမ်းလျှောက်လာလေတယ်ထိုလူသားလေးကို တစ်ချက်ကြည့်ကာ
ထိုလူက မေးလေသည်"မင်းက ဘာလဲ"
"ငါက ဒီ ကလပ်ရဲ့ ပိုင်ရှင် ကဲ့ အကြောင်းရင်းက ဘယ်လိုဖြစ်တာ "
မေးတော့ စားပွဲထိုးလေးက အစအဆုံးရှင်းပြလေသည်
"အဟက် ဒီမှာ ကောင်လေး မင်းက လျှော်ကြေးလိုချင်တာမလား ဘယ်လောက်လဲ ပြောလိုက်"
ကလပ်ပိုင်ရှင်ဖြစ်သူ park jimin က စကားဆိုလာလေသည်
ထိုစကားကြောင့် ပြသနာဖြစ်တဲ့ ဝိုင်းနဲ့ ကပ်ရပ် ဝိုင်းလေးက ကောင်မလေးက လှည့်ကြည့်လာသည်