မနက်ခင်း ပိုင်းတွင် အလုပ်စားပွဲ၌ ကျော့ကျော့မော့မော့ ထိုင်ကာ အလုပ်စာရင်းတွေကို လုပ်နေသော jimin လေးရယ်
ဒေါက် ဒေါက်💢💢
တံခါးခေါက်တာပါ"ဝင်ခဲ့"
ပြောတော့ ကောင်လေးတစ်ယောက် ဝင်လာလေသည်
"သခင်လေး စာလာလို့ပါ"
"ဟမ် "
ရုတ်တရက် လန့်မိလေရဲ့ သူ့ဆီမယ်သူမှစာမပို့ဖူးပေ
ပို့မှပို့ massageတွေသာပင် ထူးထူးဆန်းဆန်းသူ့ဆီအားစာလာသောခါကောင်လေးကလည်း စာကလေးပေးပြီး အခန်းပြင်ပြန်ထွက်သွားသည်
"ဘယ်သူက ငါ့ကို စာပို့တာလဲဟ့"
စာအိတ်ရဲ့ ထိပ့်ဆုံးကို ကြည့်တော့ JKတဲ့လေ
"ဘာလဲဟ့ jk တဲ့ "
စာအိတ်က စာကို ဖွင့်ဖတ်လေသော
✉️ hyung
စစလာတာနဲ့ hyung လို့ စလာတော့ လူက လန့်သလိုလိုပင်
"ငါ့မှာ ညီလေး မရှိပါဘူး ဘာလဲဟ့"
ဆက်ဖတ်တော့
Hyung ကျွန်တော့်ကို တွေ့ချင်သွားပြီးမလား
ကျွန်တော့်နာမည်က jeon jungkookပါ
Hyung ကို ကျွန်တော်လည်း တွေ့ချင်တယ်ကျွန်တော့်ကို တွေ့ချင်လာမယ်ထင်နေလို့တွေ့ချင်ရင် မြို့ပြင်ကို လာခဲ့
မောင်📌
နောက်ဆုံး စာလုံးကြောင့် jimin လေး မျက်ခုံးတွန့်မိသွားလေသည်
ဘာလဲဟ့
တစ်ခါမှမတွေ့ဖူး မမြင်ဖူးတဲ့ လူက ငါ့ကို တွေ့ချင်တယ်တဲ့
ဗလိုင်းကြီးပါလား
ဘာတဲ့ ကျွန်တော့်ကိုတွေ့ချင်လာမယ်ထင်နေလို့ တွေ့ချင်ရင် မြို့ပြင်ကို လာခဲ့ ဆိုလားပဲဟားဟား
"ဟားဟား ဘယ်လို $ရူးနဲ့တွေ့နေပြန်တာလဲကွာ နောက်ဆုံးစာက လည်း မောင်ဆိုတဲ့ ဟားဟား ဗရမ်းဗတာ ပဲဟေ့ ချီး!!!!!"
ထိုစာရွက်ကို ခွေခေါက်ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်လေသည်
"အာရုံပဲ"
ဆိုကာ စာရင်းတွေကို ပြန်လုပ်နေလေတယ်