မနက်ခင်းအလှအပနှင့်တကွ ကျွန်တော့်ရဲ့ မောင်က boxing ထိုးနေပြန်ပြီး
"မောင်~~~~"
"အာ hyung "
"နားတော့လေ မထိုးနဲ့တော့ "
"ခဏပါပဲ "
"ဟာ မောင်ကလည်းကွာ မနက်စာအတူတူစားပါမယ်ဆို"
"အင်း အင်း ခဏနော်"
"ဟွန့် ခဏ ခဏနဲ့ နေတော့ ဟွန့်"
နှုတ်ခမ်းကလေး ဆူကာ နှာခေါင်းသေးသေးလေးက ရှုံ့မဲ့သွားသေး
*မောင့်အချစ်ရာ ချစ်လိုက်တာ *
Boxingသာ ထိုးနေတာ မျက်လုံးက ချစ်ရသူ hyung လေးဆီမှာ
Jungkook လည်း boxing လေ့ကျင့်ပြီးတော့
ရေချိုးဖို့ သူ့အခန်းပေါ်သူတက်သွားတော့တယ်"ဟွန့် လူကို ဂရုတောင်မစိုက်အားဘူးပေါ့ လေ တွေ့မယ် park jiminဆိုတာ ဘာလဲတွေ့ရမှာပေါ့"
ကိုယ့်ဟာကိုယ်မနက်စာတွေ ပြင်နေလိုက်တယ်
ခဏကြာတော့ အိပ်ပေါ်ထပ်ကနေ ခြေသံကြားတော့ လှည့်မကြည့်ဖြစ်ခဲ့ပါ ဒါကမောင်ပဲလေအနောက်က လာနေတယ်ဆိုတာ သိပေမယ့် ဂရုမစိုက်မိပေ
"Hyung ~~~~"
"............"
Jiminလေး ဘာမှပြန်မဖြေ"
"စိတ်ကောက်နေပြန်ပြီးလား"
"................"
ကိုယ့်ပါကိုယ်သာ ဇွန်းတွေယူပြီး စားပွဲဆီ လာကာ ထိုင်လိုက်လေတယ်
မောင်လည်း ကျွန်တော့်ခုံရှေ့ကနေရာ ဝင်ယူလေတယ်
ကျွန်တော်လည်း ဇွန်းတွေကို ထားပြီး မနက်စာကို စားနေလေတယ်
"Hyung~~~~စိတ်မဆိုးပါနဲ့ကွာ"
Jungkook ကို စိုက်ကြည့်နေမိတယ်
"Hyung မောင့်ကို စိတ်မကောက်ပါနဲ့ကွာ မောင် က မနက်တိုင်း boxing လေ့ကျင့်နေကြပဲကိုကွာ"
"ငါက အဲ့ကိစ်စ စိတ်ကောက်နေရအောင် ငါက ကလေးလား"
"အာ မဟုတ်ပါဘူး မောင့်hyung လေးက စိတ်ညှိုးသွားမှာမောင်ကြောက်လို့ပါကွာ"
"ဟွန့်"
နှာတစ်ချက်မှုတ်ကာ မနက်စားပြန်စားနေတော့ မောင်က ကျွန်တော်ဆီလျှောက်လာလေတယ်