Jungkookလည်း jimin အချစ်ကို ကြိုးစားဖို့ အတွက် နေ့ရက်တွေများလာတာနဲ့အမျှ သူလည်း တစ်နေ့တစ်ခြား ပြောင်းလဲလာခဲ့တယ်
*ကျွန်တော် အခုထိ hyung ရဲ့အဖြေကို စောင့်နေရတာ ပျင်းလာတာတော့ အမှန်ပင်
ဒီတိုင်း သိမ်းပိုက်လိုက်လို့ရပေမယ့် hyung ရဲ့ အချစ်ကိုတော့ ကျွန်တော်အလွယ်တကူ မယူရက်ဘူးဗျာ hyung ရဲ့ အချစ်စစ်နဲ့ဆိုရင် ပိုပိုင်ဆိုင်ရမယ်ထင်လို့လေ
အာ အခုလည်း hyung ရဲ့ auditionဖြေမယ့်နေရာကို သွားဖို့ အစီအစဉ်ဆွဲနေတာပါ*Jiminရှိရာကို သွားဖို့ အားလုံးပြင်ဆင်နေလေတယ်
"ကဲ ကျွန်တော်အရမ်းကြည့်ကောင်းသွားပြီးပဲ"
သူ့ကိုယ်သူမှန်ထဲကြည့်ကာ ပြောနေတာပါ
Jungkookလည်း jimin ဆီသို့
....................
"နောက်တစ်ယောက်!!!!!"Jiminလည်း သူ့အလှည့်ရောက်လေတော့
Auditionဖြေမယ့် အခန်းဆီဝင်သွားလေတယ်ဝင်ဝင်ချင်းတွေ့လိုက်ရတာကတော့
မိန်းမကြီးတစ်ယောက် အသက်၄၀အရွယ်လောက်ရှိမည်ထင်သည်Jiminလည်း ထိုင်ခုံတွင်ထိုင်ကာ
မေးခွန်းတွေ စမေးပြီး
ဆိုခိုင်းတာတွေဆိုစေတယ်"ဒီမှာ ကဒ် "
"ဗျာ"
"အဲ့ကဒ်ကို ယူပြီး ဟိုမိန်းကလေး အနောက်လိုက်သွားလိုက်"
"အာ ဟုတ် ဟုတ်ကဲ့"
ထိုမိန်းကလေးပို့ပေးသောအခန်းဆီရောက်တော့
"ဟို ဟိုလေ မိန်းကလေး ကျွန်တော်အခုလာတဲ့ အခန်းက ဘယ်သူ့အခန်းလဲဟင်"
"Ceoပါ"
"ဗျာ!!!!'
သူမလည်း ပို့ပေးပြီးတော့ ထွက်သွားတော့တယ်
Jiminလည်း တုန်တုန်ရင်ရင်နဲ့ ထိုအခန်းထဲဝင်သွားတော့
ခုံကို ကျောပေးကာ ထိုင်နေသော လူတစ်ယောက်
"ရောက်လာပြီးလား~~"
ထိုလူအသံဆီက ကြားတော့ အယောင်ယောင်အမှားမှားဖြေမိလေတယ်
"ဟိုဟို အာ ဟုတ်ကဲ့"
*ဒီအသံကို ကြားဖူးပါတယ်*