ဒီနေ့တော့ သူခိုးများညရဲ့ ရာဇဝင်နဲ့အတူ ပစ္စည်းခိုးဖို့ လာနေသော သူခိုးများ စွာပင်
တစ်ယောက်တည်းအိမ်တော်တွင် အလုပ်ရှုပ်နေသော ကောင်လေး တစ်ယောက်ကတော့ သူခိုးများနေ့လည်း ဘာမှ စိတ်ဝင်စားမှုမရှိ
"ဟူး ...........အော် ဘဝဘဝ သံသရာ ပြန်ချက်လိုက် ပြန်စားလိုက် ပြန်လုပ်လိုက်နဲ့ သံသရာကိုလည်နေတော့တာပဲကွာ စာကတစ်ဖက် အိမ်အလုပ်ကတစ်ဖက် ချီးလို ဘဝ"
ကျွန်တော့်နာမည်က park jiminပါ
တက်ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားလေးပေါ့ဗျာ"ကဲ့ ပန်းကန်ဆေးပြီးပြီး ညစာလည်း စားပြီးပြီး ငါစာလုပ်ရအုံးမယ် ပူတူးရယ်"
သူ့ရဲ့ ကြောင်ကလေး တစ်ကောင်ကိုပြောနေတာပါ
"ပူတူး မင်းသိလား ငါလေ အရမ်းပင်ပန်းနေပြီး
တစ်နေ့တစ်နေ့ ကျောင်းက တစ်ဖက် အိမ်အလုပ်ကတစ်ဖက် အခုလည်း အဝတ်တွေတောင်လိုပုံနေပြီးကွာ ""ဟေး မင်းနဲ့ စကားပြောနေရင် ငါတော့ စာလုပ်ဖြစ်ပါအုံးမလား"
ကြောင်ပူတူးလေးက တော့ အိပ်ရက်နှင့်သာ သူ့အားကြည့်နေလေတယ်
ကျွန်တော်ရဲ့ မိဘတွေက ဂျပန်ကိုအလည်သွားကြတာဗျ
ကျွန်တော်တစ်ယောက်တည်းအခု အိမ်တော်မှာ အလုပ်ရှုပ်နေရတယ် အလုပ်သမားတွေ အားလုံးကလည်း အဖေက အလုပ်ထုတ်ထားတယ် ဘာလို့မေးရင် ကျွန်တော့်ကြောင့်ပါ ကျွန်တော်က အရစ်ရှည်တယ် သိလား ဘာမဆို ဇော်ကဒက်တက်လိုက်ရမှ အဲဒါကြောင့် အဲ့နေ့ကပေါ့ဗျာ
ပြောပြအုံးမယ် အဲ့နေ့က ကျွန်တော် ခြံထဲက ခုံမှာ ထိုင်နေရင်း ကောင်လေးတစ်ယောက်က ကျွန်တော့်ကို ပြေးတိုက်သွားတာ အိမ်က အခိုင်စေးပါ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ သူ့ကို ပါးရိုက်လိုက်တာ အဲ့ဒါနဲ့ အဖေက မြင်တော့ သားမင်းဘာလုပ်တာလဲပေါ့ ကျွန်တော်လည်း အကြောင်းစုံရှင်းပြတော့ ခဏကြာတော့ အိမ်တော်ထိန်းထွက်လာတယ်"သခင်လေး ဒါက ကျွန်တော့်တူလေးပါ"
ကျွန်တော်လည်းကြည့်လိုက်တော့ အဲ့ကောင်လေးက ချစ်ဖို့တော့ ကောင်းပါတယ် လူကောင်က ခပ်ထွားထွားပင်ဒါပေမယ့် ကျွန်တော့်ကို တိုက်ထားတာကြောင့် ဒေါသက အထွတ်အထိပ်ပါပဲဗျာ