Jiminလည်း ဇက်ကလေးကို အသာကိုင်ကာ
မျက်လုံးကလေးဖွင့်ပြီး
နိုးလာခဲ့တော့တယ်"ဒါဘယ်နေရာလဲ"
အခန်းတစ်ခုလုံးက ရွှေရောင်ပစ္စည်းအပြင်အဆင်တွေဖြင့်သာ
အပြင်အဆင်တွေကို ကြည့်ပုံအရဆိုရင် တော်တော်ကို ချမ်းသာမည့်ပုံ"အား ခေါင်းကိုက်လိုက်တာ ငါဘယ်ရောက်နေတာလဲ"
အိပ်ရာပေါ်က အသာထကာ
အခန်းတစ်ခုလုံးကို မျက်လုံး မမှိတ်တမ်း လိုက်ကြည့်နေမိတယ်Jiminလည်း ညကအဖြစ်ပျက်တွေကို ပြန်စဉ်းစားကြည့်တော့
^^hyung ကို ကျွန်တော်ပဲပိုင်တယ်^^
^^Hyung ကို ချစ်တာမို့လို့ မဆိုးနေနဲ့ ပြီးတော့ hyung တခြားလူကိုလည်း သွားမချစ်နဲ့နော် အဲ့hyung ချစ်တဲ့လူကို တစ်ခုခုလုပ်မိလိမ့်မှာ မို့လို့ အကသင်တန်းလည်း မသွားနဲ့တော့ ^^
ထိုအပြောနဲ့အတူ မျက်လုံးတွေက မှောင်ဆင်းပြီး အမှောင်ကျသွားခဲ့တယ်လေ
"အား!!!!!!!!!!!ဟို ခွေးကောင်!!!"
Jiminလည်း ထိန့်လန့်မှုအတွေးတွေဖြင့် ကြောက်လို့ ကိုယ်ပါတုန်တက်နေလေတယ်
စောင်ခြုံရက်ရှိနေသော သူ့ကိုယ်ကိုယ်သူပြန်ကြည့်တော့ခါ
အဲ့စောင်ကို ချက်ချင်းဖယ်တော့အင်ကျီက ညက အင်ကျီမဟုတ် အခု shirt လက်ရှည်အင်ကျီအဖြူတထည်နှင့်အမဲရောင်ဘောင်ဘီးရှည်တစ်ထည်သာ
"ငါ့အဝတ်စားတွေရော !!!!!"
မျက်လုံးများ ပြူးကျယ်ကာ သူ့ကိုသူစစ်နေလေတယ်
အင်ကျီနဲ့ဘောင်ဘီးက သူ့အင်ကျီ မဟုတ်သာ အသေချာဆိုပေမယ့် ဒီအင်ကျီပိုင်ရှင်က ဘယ်သူလဲဆိုပြီးတော့ အတွေးက နယ်ချဲ့ပြန်တယ်။
"အား!!!?????!ဒါ ဟို ခွေးကောင်အင်ကျီလား !!!!"
ကတပ်💢
တံခါးဖွင့်သံကြားတော့
ခုတင်အောက်ကို ဆင်းကာ
ခြေနှစ်ဖက်ကို ပိုက်ထားပြီး
ငိုနေပြန်သော jiminလေး"ဟင့် အဟင့် ငါ့ကို ဘယ်ခေါ်လာကြတာလဲ"
လူတစ်ယောက်ဝင်လာနေတာ သိပေမယ့် လူက ကြောက်စိတ်ကြောင့်လှည့်လည်းမကြည့်ရဲခဲ့
ခေါင်းငုံ့ပြီး အပီပြင်ငိုနေလေတယ်