Gym💖(uni& zawgyi)

462 55 4
                                    

ခင်ဗျာတို့သိကြလား ကျွန်တော့်မှာ အရမ်းကလေးဆန်တဲ့ ညီလေးတစ်ယောက်ရှိတယ်
ဟီးဟီး ကျွန်တော်နဲ့ ညီအစ်ကိုတော့မဟုတ်ပါဘူး
အော် ကျွန်တော့်နာမည်က park jiminပါ
ကျွန်တော့်ညီလေးက သူ့ကို ညီလေးလို့ခေါ်ရင် မကြိုက်ဘူးဗျ
ဒါပေမယ့် သူလေးက ကလေးလိုပဲ အရမ်းအချော့ခံချင်တာ ဆိုးတာလည်းလွန်ရော
ဒါပေမယ့် သူ့မှာ မကောင်းတဲ့ အချက်ရှိတယ် သူများတွေအရှေ့မှာဆို တည်ငြိမ်ချက် လက်ကုန်ပဲ အမြဲတမ်း ကျွန်တော့်အရှေ့မှာ ဆိုးချင်တိုင်းဆိုးတတ်တဲ့ကလေးပုံစံမဟုတ်တော့ဘူး

"Hyung!!!!!!!!!!!!!!!!"

*တွေးတောင်မဆုံးသေးလာပါပြီး *

"ဘာလဲ jungkook"

အိပ်ခန်းကနေ အော်နေသော jimin

"Hyung မပြီးသေးဘူးလား နောက်ကျတော့မယ်"

*အော် ကျွန်တော်လည်း gymဆော့ချင်တယ်လို့ ပြောမိတာ အခုတော့*

"ငါလာပြီး ခဏ"

Jiminလည်း ဖိနပ်အမြန်ယူကာ အောက်ထပ်ဆင်းလာလေတယ်

Jk
*ခင်ဗျား တို့သိကြလား ကျွန်တော့် hyung က အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာကိုလေ အခုလည်း ကြည့် အိမ်ပေါ်ကနေဆင်းလာတာ ကပြာကရာနဲ့ ဖိနပ်က ညာလက်မှာကိုင်ပြီး အင်ကျီဘောင်းဘီ အမဲရောင်ဝတ်ထားကာ
နှုတ်ခမ်းကို ဆူထားရင်းပေါ့*

"အာ မောလိုက်တာ jungkookရာ"

"ရေသောက် ရော့"

"ရွဲ့တာလား"

"မဟုတ်ပါဘူး အပူကျရအောင်လို့ "

"အင်း"

Jiminလေးလည်း ရေကိုမောသောက်လိုက်လေတယ်

"ဟဲ့ သားတို့ ဘယ်သွားကြဖို့လဲ ကွယ့်"

"အော် ဒေါ်ဒေါ် ကျွန်တော်နဲ့ hyung က gym သွားဆော့မလို့ပါ"

"အော် အင်းအင်း သားကိုကို ကိုလည်း အများကြီးဆော့ခိုင်းလိုက်အုံး လူကောင်နည်းနည်းကြီးလာရအောင်"

"မေမေ့!!!!!!"
Jungkook က ကြိတ်ရီနေတာပေါ့

"မင်း နော် jungkook မရီနဲ့"

"အင်းပါ ဗျာ "

Jiminနဲ့ jungkookလည်းgym ဆီသို့
ကားမောင်းရင်း တစ်ရွေ့ရွေ့နဲ့ပဲ gym ဆိုင်ရောက်လာခဲ့တယ်

jikook one shots🐰🐣Dove le storie prendono vita. Scoprilo ora