🎂🎂🎂🎂🎂🎂🎂🎂🎂🎂🎂🎂🎂
Idol image အားထိခိုက်လိုခြင်းမရှိပါ
Jungkook တစ်ယောက် ညတာတွင် သူငယ်ချင်းတွေနှင့် ညစာစားနေကြလေသည်
"Jungkook"
"ဗျာ အစ်မ"
"နင့် birthday မှာ ပျော်ရွှင်စွာဖြတ်သန်းရပါစေနော်"
"အာ အစ်မကလည်း ကျွန်တော်ပျော်ပါတယ် ဟားဟား"
"Jungkook မင်းနော် Seven Album နဲ့ king ဖြစ်နေတော့ ငါ့ကိုမေ့ရောပေါ့"
"ဟားဟား မဟုတ်တာ ဗျာ"
အဲ့လိုနှင့် သူငယ်ချင်းတွေ senior တွေနှင့် ပျော်ပါးစားသောက်ခဲ့ကြလေသည်
Jungkook တစ်ယောက် စားသောက်ပြီးတော့ photo ဘာညာတွေရိုက်ခဲ့ပြန်သေးသည်
....................
အဲ့လိုနှင့် အိမ်ရောက်လာပြန်သည်"ဟူးးးးးးး ဗိုက်တင်းလိုက်တာ "
သူ့ဗိုက်ကို ပွတ်ကာ ပြောနေလေသည်
Weverse ခဏဖွင့်တော့ ခုနက သူတင်ထားတဲ့ weverse post ကို သွားကြည့်တာဖြစ်သည်
"အွန်း live လွှင့်ရမယ်လေ"
ဆိုကာ အခန်းထဲ ဝင် ကာ မီးအိမ်လေးကို ယူပြီး မီးတွေဖွင့် live စလွှင့်လေတော့သည်
Live လွှင့်ရင်း ဖဲချပ်ဆော့လိုက်သေးသည်
Live လည်း လွှင့်ပြီးသောခါ ဝတ်ထားသည့် အင်ကျီကို ချွတ်ကာ ခေါင်းစွပ်လည်း ချွတ်ပြီး shirt အမည်းကိုသာ ဝတ်လိုက်သည်
ဘောင်းဘီတို အမည်းလဲလိုက်ပြန်သည်
"ဟူးးးးးးး အား ပင်ပန်းလိုက်တာ "
ဆိုဖာပေါ်ထိုင်ကာ သက်ပြင်းချနေလေသည်
"ပျော်လား မောင်"
ရုတ်တရက် အသံလေး ကြားသောခါ မျက်လုံးပြူးရလေသည်
"ဟမ်!"
ခေါင်းထောင်ကြည့်တော့ jimin သည် အိပ်ခန်းက ထွက်လာတာပင်ဖြစ်သည်
"Hyung ဘယ်အချိန်က ရောက်နေတာလဲ "
"မင်းမရောက်ခင်ကတည်းကပေါ့ ဘာလဲ ငါမင်းအခန်း password သိတာ မေ့သွားတာမဟုတ်ပါဘူးနော်"