ကောင်းကင်ပေါ်က ကြယ်တွေသည် လရောင်ကြီးကြောင့် ကောင်းကင်တစ်ခွင်လုံး အလင်းခွင်းနေခဲ့သည်
ညတာလည်း ဖြစ်တာမို့ လရောင်နှစ်အတူ တောအုပ်ကြီးကလည်း တိတ်ဆိတ်လို့နေသည်
ထိုညတာတွင် ကားတစ်စီးသည် ကားလမ်းအတိုင်း ထိုတောအုပ်ကို ဖြတ်သန်းလာနေသည်
Jimin တစ်ယောက် အိမ်ရောက်ရန်အတွက် သာအမြန်မောင်းနေရသည် အိပ်တွင် လောလောလပ်လပ် လက်ထပ်ထားတဲ့ချစ်ရသူ ဇနီးက စောင့်နေတာမို့ အမြန်သာ ကားကို နှင်းမောင်းလာရသည်
အရက်မူးနေသော သူငယ်ချင်းတစ်သိုက်ကို မြို့ပြင်တွင် ပို့အပြီး ပြန်လာနေတာပင်ဖြစ်သည်Jimin သူငယ်ချင်းတွေက မာဖီးယားအလုပ်လုပ်တာမို့ မြို့ပြင်တွေသည် သူတို့ရဲ့ ပိုင်နက်သာဖြစ်သည်လေ
"ဟူးးးးးးး မရယ် မောင်လာနေပြီးနော် "
ရုတ်တရက် ကားအမိုးပေါ်ကနေ တစ်ခုခုကျတဲ့အသံကြားတော့ jimin တစ်ယောက်ကားကို ရပ်လိုက်လေသည်
မျက်နှာထက်တွင် ကြောက်လန့်မှု မရှိပေမယ့် ဒေါသက ထောင်းကနဲ ထွက်သွားတာမို့ ကားကို ရပ်ကာ အပြင်ကို ထွက်ကြည့်လိုက်သည်
"ဘာလဲဟ!"
ကားအမိုးပေါ်တွင် အင်ကျီ အမည်းရောင် shirt နှင့် ဂျင်းဘောင်းဘီအမဲဝတ်ကာ ထိုင်နေသော ယောက်ျားတစ်ယောက်ကြောင့် jimin လန့်သွားရသည်
ထို လူမျက်လုံးတွေသည် ခရမ်းရောင် တောက်တောက်ဖြစ်နေသည် မို့ ဒီလူက လူသားမဟုတ်မှန်း jimin သိလိုက်ရသည်
Jimin သည် ကားထဲ ဝင်ရန်အလုပ် ထိုလူက ကားပေါ်ကနေ ဆင်းလာတာမို့ ကားထဲဝင်ရန်မမှီတော့ပဲ တွေ့ရာ သာ ပြေးတော့သည်
ညတာလည်း ဖြစ်တာမို့ ပတ်ဝန်းကျင် တွေသည် အကုန် အမှောင် ထုသာဖြစ်နေသည်
လရောင် ဖြာကျခြင်းကြောင့် အလင်းအနည်းငယ်တော့ မြင်ရသည်မို့ ပြေးမြဲလမ်းတာပြေးနေမိသည်အနောက်ကို လှည့်ကြည့်တော့ ထိုလူသည် လမ်းသာ လျှောက်ရင်း လာနေသည်မို့ jimin ခင်များ ကိုယ်တွေပါ တုန်လာရသည်
ကျွန်တော် က အခု မိန်းမနဲ့တောင် ကောင်းကောင်း မဂ်လာမဦးရသေးဘူး သေရတော့မှာလား