"ဟွန့် လူကြီးကလည်း ကြာလိုက်တာ"
ပလပ်ဖောင်းဘေးနားတွင် ထိုင်ကာ ဆူပုတ်နေသော ကလေးဆိုးလေးတစ်ယောက်ရှိလေသည်
ပါးဝိုင်းဝိုင်းလေးတွေသည် တစ်ကယ့်ကို မိုချီလုံးလေး အတိုင်း မို့အိနေတာပင်
နှုတ်ခမ်းထူထူလုံးလုံးလေး ကို ဆူထားပြီး စိတ်ကောက်နေတာဖြစ်သည်"ဟင့် "
ရုတ်တရက် ဆိုသလို ထိုကလေး ဆီကနေ ငိုသံပိစိကလေး ထွက်လာခဲ့လေသည်
ဘေးနားမှ လျှောက်သွားလျှောက်လာလူတွေသည် ထိုကလေး မဟုတ်သော ကလေးဖြစ်သူ jiminလေးကို ကွက်ကြည့်ကွက်ကြည့်နှင့် ကြည့်နေခဲ့ကြပြန်သည်
"ဟင့် အီးဟီး"
ငိုသံကလေးက တစ်ဖြည်းဖြည်းနှင့်ကျယ်လောင်လာတာမို့ ဘေးနားက လူတွေလည်း ဒီအသက်၁၈နှစ်ပဲရှိသေးတဲ့ ကောင်လေး ကို ကြည့်နေကြလေပြီးဖြစ်သည်
"ဟင့် ဘာကြည့်တာလဲ!!!!"
သူ့ကို ကြည့်သွားကြသော လူတွေကို အော်ငေါက်ကာ စိတ်တိုနေပြန်သတဲ့လေ
ဒူးကလေး ပိုက်ကာ ငိုနေသော ထိုကလေးအရှေ့ကို ကားအမဲရောင်တစ်စီးက ရပ်လာသည်
ကားပေါ်က ဆင်းလာသော လူတစ်ယောက် ခန့်ခန့်ညားညား လူကြီးတစ်ယောက်သာ
ထို လူကြီး သည် အဲ့ကလေးရှေ့ ရပ်လိုက်လေတယ်"ကလေး~~~"
ဆိုသော အသံပိုင်ရှင်ကြောင့် မော့ကြည့်လာသော ထိုကလေးလေး
မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်တွေသည် အပြည့်
ကျွန်တော့်ကို မြင်သွားတော့ ချက်ချင်းထရပ်ကာ ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာတဲ့ကျွန်တော့်ရဲ့ကလေး"အင့် ဟင့် လူကြီး"
အသံတိုးတိုးကလေးသာခေါ်ပြီး တစ်ရှုံ့ရှုံ့ငိုနေပြန်သော ဒီကလေးကြောင့် စိတ်မကောင်းဖြစ်ရပြန်တယ်
ကလေးလေးကို ကားပေါ်ချီတင်ပေးပြီး ခါးပတ်တွေသေချာတပ်ပေးကာ မောင်းထွက်လာလိုက်သည်
အိမ်ကြီးဆီကိုသာ ဦးတည်လာခဲ့သည်
"ဟင့်"
အိမ်ကြီးဆီရောက်တဲ့ အထိ ငိုသံပိစိလေးက မရပ်တန့်ခဲ့။