ကောင်လေးနှစ်ယောက်သည် မိဘမဲ့ကလေးကျောင်းကို သွားဖို့ ပြင်ဆင်နေကြသည်
"Jungkook မင်း ပစ္စည်းတွေ အားလုံး တင်ပြီးပြီးလား"
"Hyung ရယ် ကျွန်တော်အားလုံး စီစဉ်ပြီးပါပြီး"
"အင်း အင်း အဲ့တာဆို ငါအဝတ်စားလဲအုံးမယ် မင်းလည်း ပြင်တော့"
တကယ်တော့ ကျွန်တော်က jungkookရဲ့ ချစ်သူပါ
သူ့ကို နိုင်စားတာ မဟုတ်ပဲ ဒီတိုင်းသင်ပြတာပါ
အကြီးကို ချစ်ရင် ဆုံးမတာကိုတော့ သည်းခံရတာပေါ့ ဟီးဟီး
မောင့်ကို ချစ်တယ် ဒါပေမယ့် မောင်လို့ ကျွန်တော်မခေါ်ဘူး ဘာလို့ဆို jungkookလို့ခေါ်တာ သူကိုယ်တိုင်က မငြီးငြူးဘူးလေ"ဟုတ်ကဲ့ hyung"
Jungkook လည်း အဝတ်စားလဲ ပြီးတော့
မနက်စာစားဖို့ စားပွဲလေးမှာ သွားစောင့်နေပြန်တယ်"Jungkook!!!"
"ဗျာ hyung!!"
အိမ်ပေါ်ကနေ အော်ခေါ်နေသော jimin လေး ဆီကို ပြေးရပြန်ပြီး
"ဘာဖြစ်လို့လဲ hyung"
"ဟီးဟီး တစ်ခုအကူညီတောင်းချင်လို့"
"ဘာလဲ ပြောလေ"
"ဟီးဟီး ရေမွှေးကလေး ခဏငှား"
"Hyung ကလည်း ဒါလေးကို အော် hyung ရေမွှေးရှိတာပဲ မဟုတ်ဘူးလား"
"ဟီးဟီး ငါ့ရေမွှေးက သစ်သီးအနံ့ကြီးလေ ဟို jungkook ရေမွှေးက လူငယ်ဆန်တယ် "
*လုပ်ပြီး ရှိုးထုတ်အုံးမယ်ပေါ့ အဟက် jungkook တဲ့ ဘာမှတ်နေလဲ *
"လာခဲ့!!!"
Jiminကို ဆောင့်ဆွဲပြီး ခါးကို မြဲမြဲဖက်ထားကာ
Jiminလည်း ရုတ်တရက် ဆိုတော့"အင့် အမလေး!!!"
"ဘာကို ဆွတ်ဖို့ ဟမ် လူများရှေ့မှာ ရှိုးထုတ်အုံးဖို့ အခုက ကလေးတွေအတွက် ပစ္စည်းတွေ သွားလှူမှာနော် hyung"
Hyung လေးက မျက်စောင်းတစ်ထိုးထိုးနဲ့ jungkook ကို ကြည့်ပြီး နှုတ်ခမ်းလေးကလည်း ပိုလို့ဆူထားသေး
နီရဲ ပြီး နူးညံ့နေတဲ့ ဒီနှုတ်ခမ်းလေးက အမြဲတမ်းဆို ဖူးဖူးလေး ရှိနေပေမယ့် အခုတော့ စိတ်ဆိုးနေလို့ ဆူထားကာမှ ပိုပြီး ချစ်ဖို့ကောင်းနေလေတယ်