JEONs(Part 2)
"တောက်စ်.....ဒီကောင်ကတော့...."
"ရှင်ကလည်း စိတ်လျော့ပါအုံး...."
"သူ့သဘောအတိုင်း တခြားကို မပို့ပဲ ဒီမှာပဲဆက်နေခိုင်းတာကို သူအခုလုပ်နေတာတွေက စိတ်တိုချင်စရာမကောင်းဘူးလား....ကျောင်းကဖွင့်နေတာ နှစ်ပတ်ရှိနေပြီ....အခုထိ အပြင်မှာ လေလွှင့်ကောင်းနေတုန်းလေ....."
"အဖေ....ဂျုံးဂုက ကလပ်မှာပဲ ရှိနေလောက်တယ်....သူ့ကို ဖုန်းဆက်တာ မကိုင်ဘူး....သူ့သူငယ်ချင်းph.noတော့ရှိတယ်...အဖေဆက်ရင် ပိုကောင်းတာမို့...."
"ကျစ်....အဲ့မဟုတ်မဟ သုံးစားမရတဲ့ဟာတွေနဲ့ပဲ ပေါင်းနေတာ....စိတ်တိုဖို့ ကောင်းလိုက်တာ...."
"Hello...."
"မင်းက ဂျွန်ဂျုံးဂုရဲ့ သူငယ်ချင်းလား...."
"ဟုတ်....ဟုတ်ပါတယ်...."
"ဂျွန်ဂျုံးဂုရော...."
"သူလား.....အင်း....အာ....ဟိုအောက်မှာ အိပ်နေတယ်....."
"သူ့ကို ဖုန်းဖြေခိုင်းလိုက်...."
"ဟုတ်...ကဲ့....ဟျောင့်....ထတော့....ဘယ်သူလဲ မသိဘူး....မင်းနဲ့ပြောချင်တယ်တဲ့...."
"ကျစ်....ဘာလဲ....စောစောစီးစီး...."
"ငါလည်း မသိဘူးလေ....မင်းဘိုးတော်လား မသိဘူး ...ဟ....အဆူခံရတော့မှာလား...."
"ဖုန်းဆက်လာတတ်တာပဲလား.....ဟဟား.....
ပေး...ဒီကို...."တစ်ဖက်က အသံတွေကို အထင်းသားကြားနေရတော့ ခက်ထန်နေတဲ့ အဖေ့မျက်နှာ....
"ဂျွန်ဂျုံးဂု....မင်း....အိမ်ပြန်လာတော့...."
"အာ....အဖေလား.....ဘယ်သူများလဲလို့...."
"အခုထိ မူးရူးနေတုန်းလား....ဟမ်း....မင်းဒီလိုပဲ ဆက်လုပ်နေမို့လား...."
"ဟုတ်.....အဖေတို့ ကျွန်တော့်ကို ဂရုစိုက်စရာမလို...."
"မင်းကို ဂရုစိုက်တယ်လို့ ပြောလို့လား....ငါ့သားဖြစ်တဲ့ မင်းက စောက်ရှက်မရှိ လုပ်ချင်တာလုပ်နေတာကို ငါကမျက်နှာအပျက်ခံပြီး ထိုင်ကြည့်နေရမှာတဲ့လား....."
"အဖေ....."
တစ်ဖက်ဖုန်းကနေ ထွက်ပေါ်လာတဲ့ကျွန်တော့်အကိုဆိုသူရဲ့ အသံ....
YOU ARE READING
JEONs
Fanfictionနာကျင်ခဲ့ဖူးပြီးပြီ.... ထပ်နာကျင်ရမှာကိုလည်း သိတယ်.... ဒါပေမဲ့ အနားမှာပဲ ကပ်တွယ်နေမိတုန်း.... တကယ်လို့.... တကယ်လို့တစ်နေ့ကျရင် ငါအရမ်းပင်ပန်းပြီး မင်းအနားကနေ ထွက်သွားဖို့ လုပ်ရင် မင်းငါ့ကို ဆွဲထားမှာလား....ဂျွန်.... May 20,2022~~~Oct 29,2022 With Za...