တံခါးမကြီး ပွင့်လာပြီးနောက်မှာတော့....
Hanniက ပေါ်မလာ.....ခဏလောက်ထိစောင့်တော့လည်း ထွက်မလာတာကြောင့် တစ်ခုခုဖြစ်နေမှာကို စိုးရိမ်စိတ်ဖြစ်လာရသည်.....
Hanniအဖေက ဟိုဘက်ကနေ ဝင်လာပြီး အစီအစဥ်တင်ဆက်သူဆီသွားကာ တစ်ခုခုတီးတိုးပြောပြီးနောက်....
"ဟို....သတို့သမီးအဆင်သင့်မဖြစ်သေးလို့ ဧည့်သည်တော်တွေ ခဏလောက် စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်......"
မျက်နှာမကောင်းနေတဲ့ Hanniအဖေက ပြန်ထွက်အသွား....ကျွန်တော်လည်း နေရာကနေ ထွက်လာခဲ့လိုက်သည်.....
ခန်းမအပြင်ကို အရောက်....
"သား....Hanniတစ်ခုခုဖြစ်နေလို့လား....."
ပါးနဲ့မားကပါ ထွက်အလာ....
"မသိဘူး.....သားတို့ သတို့သမီးအခန်းကို သွားကြည့်ကြရအောင်..."
"အင်း....အင်း......"
အခန်းထဲကို ဝင်လိုက်ပြီး.....
"Hanniရော.....တစ်ခုခုဖြစ်လို့လား......"
"ဟို.....မင်းတို့ သွားလို့ရပြီ....."
Hanniအဖေက အမဲရောင်suitနဲ့ ယောကျ်ားလေး၄ယောက်ကို အပြင်ထွက်စေလျက်....
အခန်းထဲတွင် ကျွန်တော့်မိဘ Hanniမိဘနဲ့ ကျွန်တော်သာ ကျန်တော့သည်.....
"Hanni ပြန်ပေးဆွဲခံရလို့......"
"ဗျာ......"
"ဘယ်လိုဖြစ်ရတာလဲ......"
"တကယ်တော့ Hanniဘယ်သွားသွား အခုလို Bodyguardတွေ ထားပေးရတာက အကြောင်းရှိပါတယ်.....Hanniကို အရူးအမူးလိုက်ကြိုက်နေတဲ့လူရှိနေတာပါ.....
အမြဲတမ်းHanniကို နောက်ယောင်ခံလိုက်နေလို့....အခု....Hanniပျောက်သွားတာလည်း အဲ့ကောင်လက်ချက်ပဲနေမယ်....."
"သမီးHanniလေး.....ဒါ...ဒါဆို မြန်မြန်လိုက်ရှာကြရမှာပေါ့.....သမီးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တယ်......"
အမေက ဝင်အပြော.....
အဖေက ထပ်ပြီး"လက်ထပ်ပွဲကရော.....ဘယ်လိုလုပ်ရမလဲ...."
"Mr.Parkတို့ကို အရှက်ရစေခဲ့ပြီ.....အချိန်တွေက နောက်ကျလွန်းပြီး သမီးကိုလည်း ရှာရမှာဆိုတော့......"
YOU ARE READING
JEONs
Fanfictionနာကျင်ခဲ့ဖူးပြီးပြီ.... ထပ်နာကျင်ရမှာကိုလည်း သိတယ်.... ဒါပေမဲ့ အနားမှာပဲ ကပ်တွယ်နေမိတုန်း.... တကယ်လို့.... တကယ်လို့တစ်နေ့ကျရင် ငါအရမ်းပင်ပန်းပြီး မင်းအနားကနေ ထွက်သွားဖို့ လုပ်ရင် မင်းငါ့ကို ဆွဲထားမှာလား....ဂျွန်.... May 20,2022~~~Oct 29,2022 With Za...