Part 5

4.4K 279 36
                                    

JEONs(Part 5)

"မင်း...တကယ်သူ့ကို ကြိုက်နေတာလား..."

"ငါ...ငါမသိဘူး...ငါသူ့ကို ကြိုက်နေတာလား....
ချစ်နေတာလား...ငါမသိဘူး....ဟင့်..."

"ထယ်ယောင်း...."

"ဟ..ဟင်း...."

"လွှတ်ချလိုက်....သူ့ကို....မင်းပဲခံစားနေရတာ....အဲ့ကြောင့် နောက်ဆုတ်လို့ရတုန်း မင်းပဲ နောက်ဆုတ်လိုက်....အဲ့လိုပဲ လုပ်လိုက်...."

"သူ...သူငါ့ကို မချစ်ဘူး....ဟုတ်တယ်မလား..."

"ငါလည်းမသိဘူး...ဒါပေမဲ့ တခြား‌သူတွေနဲ့လည်းဖြစ်ချင်သလို ဖြစ်နေတဲ့လူက ဘယ်သူ့ကိုမှ အတည်တွဲမဲ့သူ မဟုတ်ဘူး...အဲ့ကြောင့် လွှတ်ချလိုက်....ထယ်ယောင်း...."

"ငါလည်း အဲ့လိုပဲ လုပ်ချင်ပေမဲ့....ငါ...ငါ မလုပ်နိုင်ဘူး....ငါပထမဆုံးသူ့ကို မြင်ကတည်းက ငါသူ့ကို ချစ်မိနေခဲ့တာ....အဲ့တုန်းတည်းက သူ့ကိုပိုင်ဆိုင်ချင်နေခဲ့တာ...ငါမလုပ်နိုင်လောက်ဘူး...
ဟင့်အင်း..."

"ထယ်..ယောင်း...မင်းမြင်နေတာပဲ မင်းသိပါတယ် သူကဘယ်လိုလဲဆိုတာ....သူ့အပေါ်ခံစားချက်တွေ ထပ်မတိုးလာအောင် လုပ်တာက အကောင်းဆုံးပဲ....ငါပြောတာကိုယံု...."

"ငါ....ငါ အချိန်နည်းနည်းယူမှရမယ်...သူ့ဆီစိတ်မရောက်မိအောင် သူ့ကိုမေ့ပစ်သွားနိုင်တဲ့ထိ လုပ်မှာမို့....ဒါပေမဲ့ ချက်ချင်းကြီးတော့ ငါလုပ်နိုင်မှာ မဟုတ်ဘူး...."

"အမ်ပါ...."

ဟုတ်တယ်...သူကျွန်တော့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး...အနားကို လာချင်မှ လာတယ်...ပြီးရင် အကြာကြီး ပျောက်ချင်သလိုပျောက်သွားတယ်...

မျှော်လင့်ချက်တွေထားရင် ကျွန်တော်ပဲထပ်နာကျင်ရမယ်မှန်းသိပေမဲ့ အဲ့မျှော်လင့်ချက်တွေကို ထားချင်တယ်....

သူ့ကိုချစ်လားဆိုတာကို သေချာမသိဘူး....
ဒါပေမဲ့ နာကျင်ရမယ်ဆိုရင်တောင် သူ့အနားမှာကပ်တွယ်နေချင်တုန်းပဲ...သူ့ကို မေ့နိုင်လောက်မယ် မထင်ဘူး....

ဒါကြောင့် ကျွန်တော့်ကို နည်းနည်းလေးပဲဖြစ်ဖြစ် လှည့်ကြည့်ပေးလို့ မရဘူးလား...
ပြန်လာပေးလို့ မရဘူးလား....

JEONsTempat cerita menjadi hidup. Temukan sekarang