Part 9

4.3K 297 7
                                    

JEONs(Part 9)

"အဖေ....."

"ဘာတွေပြောနေကြတာလဲ....ကင်ထယ်ယောင်း....."

"ဟင့်အင်း.....ဘာမှ မဟုတ်ပါဘူး....."

"ပြစမ်း....မင်းဗိုက်...."

အဖေက အနားကို လျှောက်လာတော့ Jiminနောက် ကွယ်ရပ်နေလိုက်ပြီး....

"အဖေ.....မဟုတ်...."

"ထယ်ယောင်း....ပြစမ်း...."

ဟူဒီအပွကို လှန်တင်ဖို့ လုပ်နေတဲ့အဖေလက်တွေကို တွန်းဖယ်ပေမဲ့ မရခဲ့....
ပံုမှန်ထက် ဖောင်းထွက်နေတဲ့ ဗိုက်ကို မြင်တော့ အဖေက ငြိမ်သက်စွာ ကြည့်နေသည်....

"ဟင့်.....အီး...ဟီး....."

သည်းမခံနိုင်တဲ့ အဆုံး....ငိုချပစ်လိုက်သည်....

"အ...အဖေ....."

"အဲ့ကောင် ဘယ်သူလဲ.....ဟမ်း.....!ထယ်ယောင်း....."

"ဟင့်.....အင့်...."

"မင််းကို ဒီလိုလုပ်တာ ဘယ်ကောင်လဲလို့.....!"

ကျွန်တော့်ပုခုံးကို ဆွဲကိုင်ကာ မေးနေတဲ့ အဖေ....အမေက အပြေးလာပြီး....

"ရှင်စိတ်လျော့.....သားက အခုမပေါ့မပါးနဲ့‌ဆိုတာ သတိရအုံး...."

"ဒီလောက် အခြေအနေဖြစ်နေလို့လေ....
ဘာကို စိတ်လျှော့ရမှာလဲ....အဲ့ကောင် ဘယ်သူလဲ ငါ့ကိုပြော...Jimin...."

"ဟို....."

"ဟင့်အင်း......ဟင့်...."

ကျွန်တော့်ဖက်ကို ကြည့်လာတဲ့ ထယ်ယောင်းက
ပြုတ်ထွက်မတတ် ခေါင်းကိုခါကာ မပြောဖို့ တားသည်....

"ငါ့ကို ဖုံးကွယ်ထားလို့ ရမယ် ထင်နေတာလား....ဒီ့ထက် အခြေအနေမဆိုးချင်ရင် အဲ့ကောင် ဘယ်ကောင်လဲ ပြော....!"

"ရှင်....တော်တော့...!သား ကြောက်ပြီး ငိုနေတာ အသက်ရှုရပ်တော့မယ် မမြင်ဘူးလား....သားလေး....."

အမေက ကျွန်တော့်ကို လာထိန်းဖက်လိုက်သည်....

"အ...အဖေ....တောင်းပန်...အင့်...တောင်းပန်ပါတယ်.....သား....အမှားတွေချည်းပါ....."

"မကြားချင်ဘူး....မင်းတို့ မပြောဘူး ဟုတ်
လား....အေး...ငါကိုယ်တိုင် စုံစမ်းမယ်...."

JEONsDonde viven las historias. Descúbrelo ahora