JEONs(Part 17)
"ကျစ်.....ဒီအချိန်ကြီးမှ ဘာလို့ရေထသောက်ချင်နေတာ...."
ဖုန်းကိုဖွင့်ကာ နာရီကိုကြည့်တော့ မနက်၃နာရီ...
ဘေးမှာ အိပ်မောကျနေတဲ့ ထယ်ယောင်းကို တစ်ချက်ကြည့်ပြီးနောက် ရေသောက်ဖို့ အောက်ထပ်ကို ဆင်းလိုက်သည်....
ရေမော့သောက်နေတုန်း....
"အဒေါ်ကြီး...ပြန်အိပ်လို့ရပြီ....."
"ဟုတ်....."
အသံကြောင့် ရေသောက်တာရပ်လိုက်ပြီး မီးဖိုခန်းရဲ့တံခါးဝကို ကြည့်လိုက်တော့....
ဂျံုးဂု.....
အပေါက်ဝနား လက်တစ်ဖက်ကို ထောက်ထားကာ ခေါင်းကို ငံု့ကာ ကျန်လက်တစ်ဖက်နဲ့ ခေါင်းကို ဖိကိုင်ထားလျက်....ရေသောက်အပြီး မဆိုင်သလိုသာ နေကာ အပေါ်ကို တက်ဖို့ ဂျံုးဂုဘေးအဖြတ်....
ကျွန်တော့်ရှေ့လက်ထောက်ချလိုက်တော့ ဘေးကဂျံုးဂုကို ကြည့်လိုက်သည်....
မျက်လံုးမပွင့်တပွင့်နဲ့ ရီဝေဝေကြည့်လာပြီး
အရက်နံ့လည်း မွှန်ထူနေလျက်...."ဘာလဲ ဂျံုးဂု.....ဖယ်.....ငါအိပ်ချင်ပြီ....."
J"အပေါ်...လိုက်ပို့ပေး....."
"မလုပ်ချင်ပါဘူး....ဖယ်...."
ဂျံုးဂုလက်ကို ဖယ်ချပြီး လှေကားအတိုင်းတက်လာလိုက်သည်....
J"အကြင်နာတရားမဲ့လိုက်တာ....."
လှေကားတစ်ဝက်အရောက် ကြားလိုက်ရတဲ့စကားကြောင့် ပြန်လှည့်ကာ အောက်ကလူကို အကြည့်....
"မင်း.."
*ဘုတ်......*
"ဂျံုးဂု......"
လှေကားရင်းမှာ လဲကျသွားတဲ့ ဂျံုးဂုကြောင့် အမြန်အောက်ကို ပြေးဆင်းလိုက်သည်....
"ဂျံုး...ဂု.....ရလား....."
J"ဟင့်.....အင်း......"
ထရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ဂျံုးဂု...
ဒီပံုစံအတိုင်းဆို အပေါ်ကို တွဲတက်ဖို့ကလွှဲပြီး မရှိတော့ဘူး....မုန်းဖို့ကောင်းလိုက်တာ....တွေ့လိုက်တိုင်းအမြဲတမ်းမူးနေတော့တာပဲ....
VOUS LISEZ
JEONs
Fanfictionနာကျင်ခဲ့ဖူးပြီးပြီ.... ထပ်နာကျင်ရမှာကိုလည်း သိတယ်.... ဒါပေမဲ့ အနားမှာပဲ ကပ်တွယ်နေမိတုန်း.... တကယ်လို့.... တကယ်လို့တစ်နေ့ကျရင် ငါအရမ်းပင်ပန်းပြီး မင်းအနားကနေ ထွက်သွားဖို့ လုပ်ရင် မင်းငါ့ကို ဆွဲထားမှာလား....ဂျွန်.... May 20,2022~~~Oct 29,2022 With Za...