JEONs(Part 26)
"ဟင့်အင်း.......ထယ်မထွက်သွားရဘူး......"
စားပွဲပေါ်က ကွာရှင်းစာချုပ်ကို ဖြဲပစ်လိုက်ကာ နေရာကနေ ထလာလိုက်သည်....
ကိုယ်မှားခဲ့သမျှအတွက် ထယ်ကျေနပ်တဲ့အထိ တောင်းပန်မှာပါ.....အဲ့တာတွေကြောင့် ထွက်သွားတာဆိုရင် ကိုယ်ဘာပဲလုပ်ရလုပ်ရ ထယ်ကျေနပ်တဲ့ထိ ကိုယ်တောင်းပန်မှာမို့.....
ကျေးဇူးပြုပြီး ကိုယ့်အနားကနေ မထွက်သွားပါနဲ့.....ကိုယ်သေရလိမ့်မယ်.....ကိုယ်ထယ်မရှိဘဲ မနေနိုင်ဘူးထယ်.....ကိုယ်ပြန်လာရင် အရာအားလံုးကို ထယ်နဲ့သားလေးနဲ့အတူ ပြန်စဖို့ လုပ်ထားတာ....
ကိုယ်အပျက်အစီးမခံနိုင်တာမို့....ကျေးဇူးပြုပြီး.....
*ကျွီး.......*
ခြံရှေ့က ကားဘရိတ်အုတ်လိုက်သံနဲ့အတူ ခဏနေတော့.....
"ထယ်.......!ထယ် အထဲမှာ ရှိနေတယ်မလား.....
ကိုယ်ပြန်လာခေါ်တာ....ကိုယ်ပြန်လာပြီလေ....""Jungkookလား.......ဘယ်လိုလုပ် ဒီအချိန်ကြီး အိမ်ရှေ့မှာ လာအော်ဟစ်နေရတာလဲ....."
"ဟုတ်သား.....ဘာဖြစ်နေတာလဲ....."
မနက်၂နာရီ....
"ထယ်......ကိုယ်တောင်းပန်ပါတယ်.....ထယ်...!"
"Jungkook....မင်းဘာလာလုပ်တာလဲ....."
ထယ့်အဖေနဲ့ အမေက တံခါးဖွင့်ကာ ထွက်အလာ....
"ကျွန်တော်ထယ့်ကို ပြန်လာခေါ်တာ.... သူကျွန်တော့်ကို စိတ်ဆိုးနေတာ ထင်တယ်....."
"ထယ်ယောင်း ဒီမှာ မရှိဘူး.....မင်းငါ့သားကို ဘာထပ်လုပ်ပြန်တာလဲ.....ဟမ်း....."
"ကျွန်တော်တောင်းပန်ပါတယ်.....ထယ်နဲ့ပေးတွေ့ပါ.....သူဘာစိတ်ဆိုးနေတာလဲ မသိပေမဲ့...."
အိမ်ထဲ အတင်းဝင်လိုက်တဲ့ Jungkook....
"ထယ်......!ထယ် ထွက်လာခဲ့တော့......"
"Jeon Jungkook.....ငါ့သားကို ငါဖွက်ထားစရာလား....မင်းထယ်ယောင်းကို ဘာလုပ်ထားပြန်လို့ အိမ်ကနေတောင် ထွက်သွားရတာလဲ...!"
"ကျွန်တော်မသိဘူး....ထယ်ဘာလို့ ထွက်သွားရတာလဲဆိုတာ....."
"ငါ့သားအဆင်ပြေရတော့မယ်လို့ ထင်ထားခဲ့တာ.....အခု အိမ်ကနေတောင် ထွက်သွားပြီး ငါတို့ဆီလည်း ရောက်မလာဘူးဆိုတော့ မင်းခွင့်မလွှတ်နိုင်စရာတစ်ခုခုလုပ်ခဲ့တာပဲ နေမှာပေါ့....
မင်းက ဘာမှမသိဘူး....ဟုတ်လား....."

VOCÊ ESTÁ LENDO
JEONs
Fanficနာကျင်ခဲ့ဖူးပြီးပြီ.... ထပ်နာကျင်ရမှာကိုလည်း သိတယ်.... ဒါပေမဲ့ အနားမှာပဲ ကပ်တွယ်နေမိတုန်း.... တကယ်လို့.... တကယ်လို့တစ်နေ့ကျရင် ငါအရမ်းပင်ပန်းပြီး မင်းအနားကနေ ထွက်သွားဖို့ လုပ်ရင် မင်းငါ့ကို ဆွဲထားမှာလား....ဂျွန်.... May 20,2022~~~Oct 29,2022 With Za...