JEONs(Part 25)
ဘေးနားအိပ်ပျော်နေတဲ့ ဂျွန့်အနားတိုးကပ်လိုက်ပြီး ဂျွန့်ရင်ဘတ်ပေါ် လက်ကိုအသာတင်ထားလိုက်သည်.....
ကြောက်နေမိတယ်.....မင်ဂျီအာပြောတဲ့ သိရမှာက ရှိတယ်ဆိုတာက ဂျွန်နဲ့ပတ်သတ်တာပဲ ဖြစ်မှာ.....ဒါပေမဲ့ ဘာကိစ္စပဲဖြစ်ဖြစ် ဂျွန်သာဘေးနားမှာရှိရင် ထယ်ကရတာမို့....
ဒီတစ်ခေါက်တော့ ဂျွန်က ထယ့်ဘက်မှာ ရှိနေပေးမှာမလား.....
ချစ်ရပါတဲ့သူရဲ့ ပါးပြင်လေးကို ထိကိုင်လိုက်ပြီး နှုတ်ခမ်းပါးပါးလေးကို အသာဖိကပ်နမ်းလိုက်သည်....
"ချစ်တယ်..... ဂျွန်.....
စောင့်နေပါ့မယ်.....ပြန်လာမှာကို....."ပြန်လာတဲ့အချိန်ကျ ဂျွန့်ဆီက ချစ်တယ်ဆိုတာလေးကို ပြန်ကြားရရင်ကောင်းမှာပဲ.....
ဂျွန်က ပြောမှ ထယ်ပြန်ပြောဖို့ လုပ်ထားပေမဲ့
ဒီပါးစပ်က ဂျွန့်ကို ချစ်ကြောင်း တစ်ယောက်တည်း တိုးတိုးတိတ်တိတ်ပြောနေရတာများပြီမို့ ဂျွန်ကြားနိုင်ပါ့မလား မသိပေမဲ့ ချစ်တယ်ဆိုတာကို ဂျွန့်ရှေ့မှာပဲ အရင်ပြောလိုက်တော့မယ်....ပြီးတော့မှ ဂျွန့်ကိုချစ်တယ်ဆိုတဲ့စကားကို ဂျွန်နားညီးနေရအောင် တဖွဖွပြောပစ်ရအံုးမယ်....
ရက်ပိုင်းလောက် ဝေးရမှာဆိုတော့ ဒီတစ်ညလံုး ဖက်အိပ်ထားပါရစေ.....
ထိုည ထိုအခန်းလေးထဲမှာ ရင်ခွင်ထဲ တိုးဝင်ကာ အိပ်စက်ဖို့ လုပ်နေတဲ့ တစ်ယောက်သောသူနဲ့အတူ....
ချစ်တယ်....ဂျွန် ဆိုတဲ့စကားကြောင့်....
ပြံုးရယ်နေမိတဲ့ အိပ်ချင်ယောင်ဆောင်နေခဲ့တဲ့တစ်ယောက်သောသူလည်း ရှိနေလေရဲ့.....*****
"ဂရုစိုက်အံုးနော....."
"အင်း......"
"မသွားခင် နမ်းသွားလို့ ရမလား....."
မျက်လံုးပုတ်ခတ်ပုတ်ခတ်နဲ့ ထယ်က ခေါင်းအသာငြိမ့်တော့.....
မျက်နှာလေးကို အုပ်ကိုင်ကာ အသဲယားရပါတဲ့ ထယ့်ရဲ့နှုတ်ခမ်းလေးကို အဝနမ်းပစ်လိုက်သည်....
နှုတ်ခမ်းတစ်ခုလံုးကို ငံုနမ်းနေတဲ့ ဂျွန်က ကျွန်တော့်ခါးကိုလည်း တင်းကျပ်နေအောင် ဆွဲဖက်ထားနေလေသည်....
KAMU SEDANG MEMBACA
JEONs
Fiksi Penggemarနာကျင်ခဲ့ဖူးပြီးပြီ.... ထပ်နာကျင်ရမှာကိုလည်း သိတယ်.... ဒါပေမဲ့ အနားမှာပဲ ကပ်တွယ်နေမိတုန်း.... တကယ်လို့.... တကယ်လို့တစ်နေ့ကျရင် ငါအရမ်းပင်ပန်းပြီး မင်းအနားကနေ ထွက်သွားဖို့ လုပ်ရင် မင်းငါ့ကို ဆွဲထားမှာလား....ဂျွန်.... May 20,2022~~~Oct 29,2022 With Za...