Part 7

4.9K 308 30
                                        

JEONs(Part 7)

"ထယ်ယောင်း....ထယ်ယောင်း....မင်းဘာမှမဖြစ်ရဘူးနော...."

ပံုမှန်ထက် ကားကိုအရှိန်တင်မောင်းနေရင်း ဘေးက ထယ်ယောင်းကို ကြည့်ပြီး လူကရူးတော့မတတ်...

စကားနားမထောင်လို့ စိတ်တိုပြီး တစ်ယောက်တည်းအရင် ကျောင်းကို သွားလိုက်သည်....

စာမေးပွဲဖြေခါနီးအချိန်ထိ ရောက်မလာတာကြောင့် စိုးရိမ်ပြီး ဖုန်းဆက်တော့လည်း မကိုင်
တစ်ခုခုများဖြစ်နေမလားဆိုပြီး အခုမှစဖြေနေတာကို စာမေးပွဲခန်းကနေ ထွက်လာခဲ့သည်....

အိမ်ရောက်တော့ လိုက်ရှာ‌ခဲ့ပြီး နောက်ဆံုး ရေချိုးခန်းထဲအဝင်....

"ထယ်ယောင်း.....!"

ကြမ်းပြင်ထက် ပျော့ခွေစွာ လဲကျနေတဲ့ ထယ်ယောင်း....ဘေးကသွေးတွေကြောင့် အမြန်သွားထူကာ လက်ကိုကြည့်တော့.....

"ထယ်ယောင်း.......မင်းဘာလို့.....ဟင့်.....!
မင်းဘာမှမဖြစ်ရဘူး.... ဆေးရံုအရင်သွားကြမယ်....အင်း....."

ဆေးရံုအရောက်....

"ကယ်ကြပါအံုး.... ကျွန်တော့်သူငယ်ချင်း.....
ကျွန်တော့်....ဟင့်...."

ထယ်ယောင်းကို ကုန်းပိုးကာ ဆေးရံုထဲ အော်ဟစ်ရင်း ဝင်လာခဲ့တော့.....

"မြန်မြန်.....ဒီပေါ်တင်လိုက်....လက်က သွေးထွက်လွန်နေပြီ....."

အနောက်ကနေ အပြေးလိုက်သွားရင်း မျက်ရည်ပေါက်ပေါက် ကျနေမိသည်.....

ငါတောင်းပန်ပါတယ်.....ငါမင်းနားမှာပဲ ရှိနေရမှာကို.....မင်းကိုတစ်ယောက်တည်း ထားခဲ့မိတာကို ငါတောင်းပန်ချင်သေးတာမို့ သေချာပေါက် ဘာမှမဖြစ်ရဘူး....

"ထယ်ယောင်း......မင်းငါ့ကို ထားမသွားရဘူးနော....."

"ဒီကနေ လိုက်ဝင်လို့ မရတော့တာမို့ အပြင်မှာပဲ စောင့်နေပေးမယ်....."

"Doc. ရအောင် ကယ်ပေးပါ.....တောင်းဆိုပါတယ်....နော...."

"ဟုတ်ကဲ့ပါ....ကျွန်တော်တို့ အတတ်နိုင်ဆံုး ကြိုးစားပေးမှာပါ....ဒီမှာပဲ စောင့်နေပေးပါ...."

"ဟု..ဟုတ်....."

ဘေးက နံရံကို မှီချကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ငိုချပစ်လိုက်သည်....

JEONsWhere stories live. Discover now