Cha-1 Betrayed

917 32 0
                                        

Title : Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date : August 13,2022

Chapter-1 Betrayed

Sia ဟာ ကားကိုမဆင်မခြင် မောင်းနှင်လာခဲ့တယ်။
မီးနီကို မြင်တာတောင်မှပဲ သူ(မ)ဟာ မရပ်တန့်ခဲ့ပါဘူး။ ယာဥ်ထိန်းရဲက သူ(မ)ကိုတားဖို့ ကြိုးစားခဲ့ပေမယ့်လဲ သူ(မ)ကကားကို အရှိန်မြှင့်လိုက်တဲ့အတွက် မတားနိုင်ခဲ့လေပါဘူး။

လမ်းချိုးတစ်ခုကို ချိုးပြီးတဲ့နောက်မှာ သူမဟာ bluetooth နားကြပ်ကိုဝတ်လိုက်တယ်။
အဲ့ဒီနောက် သူမရဲ့လက်ထောက်ကိုမေးလိုက်တယ်။

" ငါမိဘတွေရဲ့ တည်နေရာက ဘယ်မှာလဲ"

" ကားကဆက်ပြီးသွားနေတုန်းပါ,မဒမ်။ လက်ရှိကျွန်မတို့မှာ အချိန်သိပ်မရှိတော့ဘူး။ ကျွန်မပို့ပေးတဲ့တည်နေရာနောက်ကို လိုက်သွားလိုက်ပါ။"
ဟုလက်ထောက်ကပြောတယ်။

Bluetooth ကို ပြန်ပိတ်လိုက်ပြီးတော့ Sia ဟာ google location ကိုဖွင့်လိုက်တယ် ။ ပြီးတော့ သူမမိဘတွေရဲ့ တည်နေရာကို တွေ့သွားတယ်။ သူမကလီဗာကိုဖိနင်းလိုက်ပြီးတော့ ချက်ချင်းအရှိန်မြှင့်လိုက်တယ်။

သိပ်မကြာခင်မှာပဲ သူမဟာ သီးသန့်ဖြစ်တည်နေတဲ့တောလမ်းလေးကို ကျော်လာခဲ့လေတယ်။ အချိန်ခဏလောက် ထပ်မောင်းပြီးတဲ့အခါမှာတော့ သူမဟာကားကိုမြင်ခဲ့ရပါပြီ။ စိတ်သက်သာရာစွာသက်ပြင်းချလိုက်ပြီးနောက် သူမဟာ ကားကိုလမ်းလွှဲဖို့ အရှိန်မြှင့်လိုက်ကာ အဲ့ဒီနောက်ရပ်လိုက်တယ်။

ဒါပေမယ့်...

" BOOM!!!!"

အသံအကျယ်ကြီးနဲ့အတူ ကားဟာပေါက်ကွဲသွားလေတယ် ။ သူ(မ)အထိတ်တလန့်နဲ့ပေါက်ကွဲသွားတဲ့ကားကိုကြည့်လိုက်တယ်။ တုန်တုန်ယင်ယင်နဲ့ပဲသူမရဲ့ကားတံခါးကိုဆွဲဖွင့်ပြီး တခြားကားဆီကိုပြေးသွားလိုက်တယ်။

ကားကမီးလောင်နေတာကိုကြည့်ရသလောက်,ဘယ်ခရီးသည်မှအသက်ရှင်မယ့်လမ်းမရှိလေဘူး

Sia ကအော်လိုက်တယ်
" မဖြစ်ဘူးးးးးးး!!!!!!!!"

ရုတ်တရက်ပဲသူမအနောက်ကနေဟွန်းတီးသံကြားလိုက်ရတယ်။ သူမနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့တခြားကားပေါ်ကနေလူအချို့ဆင်းလာတာကိုတွေ့လိုက်ရတယ်။ သူမသူတို့ကိုကောင်းကောင်းကြီးကိုသိတာပေါ့။

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now