Cha-13 ARC-1(11)

179 24 0
                                        

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - September 28, 2022

Chapter-13 Cultivation Genius and Heroine Halo(11)

ARC-1

လီယန်က ရှီမင်ယွိရွှယ်ကို ကြည့်လိုက်တယ်။ သူမက အသက်ရှူမှားလောက်ဖွယ်ရာပဲ။ ပြည်ပျက်စေနိုင်လောက်တဲ့ အလှမျိုးပါပဲ။ ခရမ်းရောင်မျက်ဝန်းတွေနဲ့ မျက်စိပဿဒဖြစ်တဲ့ အနက်ရောင်ဆံပင်တို့က သူမရဲ့ ဖြူဖွေးတဲ့အသားအရည်နဲ့ နီရဲရဲဖောင်းအစ်အစ်နှုတ်ခမ်းလေးတို့နဲ့ ဆန့်ကျင်စွာပဲ လှပနေကြတယ်။
သူမက တကယ်ကို ရှုစားသင့်တဲ့ အလှတစ်ပါးပဲ။

လှပတာနဲ့အတူ သူမက သန်မာတဲ့အမျိုးသမီးတစ်ယောက် ။ တစ်ကိုယ်ထဲသမားလဲ ဖြစ်တယ်။ သူ သူမကို အမြဲတမ်း လေးစားသဘောကျခဲ့ရပေမယ့် အဲ့ခံစားချက်တွေက တစ်ခုခုအဖြစ် ပြောင်းသွားတာကို မသိလိုက်ရဘူး။

အခု သူ သူမကို ပိုင်ဆိုင်ချင်တယ်။ လီယန်က သူမ သူ့ကို ချစ်မြတ်နိုးမှုတွေ လေးစားအားကျမှုတွေနဲ့ ကြည့်နေစေချင်ခဲ့တယ်။ သူမရဲ့ လှပတဲ့ခရမ်းရောင်မျက်ဝန်းတစ်စုံမှာ သူ့ပုံရိပ်ကိုသာလျှင် ရှိနေစေချင်တယ်။

ဒါပေမယ့် သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေခဲ့တယ်။ သူ အဲ့တာကို နေ့စဥ်နဲ့အမျှ သတိထားလာမိတာ။ ဝမ်ဝမ့်ကိုတွေ့ပြီးနောက်မှာ သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ သူမဘက်ကိုပဲ ပါနေမိတယ်။ အစကတော့ သူဝမ်ဝမ့်ကိုကြိုက်နေတယ်လို့ ထင်ခဲ့မိတာ။ ဒါပေမယ့် ရွှယ်အာ ကိုကြည့်လိုက်တိုင်းမှာ သူ့နှလုံးသားက ဘယ်မှာတည်ရှိနေလဲဆိုတာကို သိလာရတယ်။

နေ့စဥ်နဲ့အမျှ သူဘာမှမလုပ်နိုင်ခင်မှာပဲ သူ့အပေါ် ရွယ်အာရဲ့အကြည့်တွေက စိတ်ပျက်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့တာကို သူမြင်ခဲ့ရတယ်။

ဒီနေ့လဲ သူထပ်ပြီး အမှားလုပ်မိလိုက်ပြန်ပြီ။ သူမ အဲ့တိုက်ခိုက်မှုကို ခံယူလိုက်တာကိုမြင်ရတာက သူ့ကိုနာကျင်စေတယ်။ ဘာကြောင့်မှန်းမသိ ရှင်းပြရခက်တဲ့ အကြောက်တရားက သူ့နှလုံးသားထဲမှာ တစ်စတစ်စ ဖြစ်တည်လာတယ်။ အရေးကြီးတဲ့တစ်စုံတစ်ရာကို ဆုံးရှုံးမှာကြောက်တဲ့အကြောက်တရား။

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now