Cha-3 ARC-1(1)

273 25 0
                                    

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - August 20,2022

Chapter-3 Cultivation Genius and Heroine Halo(1)

ARC-1

Sia ကအသက်ပြင်းပြင်းရှူပြီးတော့ပြောလိုက်တယ်။

" System,ငါ့ကို dimension တစ်ခုရွေးချယ်ပေးပြီး အဲ့ကမ္ဘာရဲ့ဇာတ်ကြောင်းကိုပို့ပေးပါ"

[Ok]

ရုတ််တရက်ပဲ အနီရောင်အဖုံးနဲ့ ရွှေရောင်ဒီဇိုင်းရှိတဲ့စာအုပ်တစ်အုပ်က Sia ရဲ့ရှေ့မှာပေါ်လာခဲ့တယ်။

အမည် : အတွေ့အကြုံရှိသော ပါရမီရှင်ကျင့်ကြံသူ၏ ပြန်လည်မွေးဖွားခြင်း

ဒါကပထမဆုံးသော mission ဖြစ်ပြီး အဲ့တာက ရှန်းရှ ကမ္ဘာပေါ်အခြေတည်ထားတယ်။

Sia က သူမရဲ့နားထင်ကို ပွတ်လိုက်မိတယ်။
ကြည့်ရတာ ပထမဆုံး mission က နည်းနည်းခက်မယ့်ပုံပဲ။

Sia ကစာအုပ်ကိုစတင်ပြီးဖတ်လိုက်တယ် ။

ဒီဇာတ်ကြောင်းက သူမအရင်အသက်ရှင်စဥ်က ဖတ်ခဲ့ဖူးတဲ့ ကျင့်ကြံရေးဝတ္ထုတွေနဲ့ ဆင်တူသလိုရှိပေတယ်။

မျက်မှောက်ခေတ်က လုပ်ကြံသတ်ဖြတ်သူက ဖုန်းမိသားစုရဲ့ အမှိုက်လို့သိကြတဲ့ ဘာမှကောင်းကျိုးမပေးတဲ့ အမျိုးသမီးငယ်လေးရဲ့ကိုယ်ထဲကို ဝိညာဥ်ကူးပြောင်းသွားခဲ့တယ်။ ကူးပြောင်းလာခဲ့တဲ့ထိုသူမဟာ ဒါကိုလက်မခံနိုင်လေဘူး။ အဲ့ဒီအတွက်ကြောင့် ကြိုးစားပြီးကျင့်ကြံပါလေတော့တယ်။

သူမရဲ့ကျင့်ကြံရေးခရီးစဥ်ကြီးတစ်လျှောက်မှာ သူမကအမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ရွှမ်ယွမ်လီယန် နဲ့တွေ့လေတယ် ။သူမက ရွှမ်ယွမ်လီယန်ရဲ့ စိတ်ဝင်စားခြင်းကိုရသွားပြီးတော့ သူဟာသူမကို ရှင်းရှောင်းဂိုဏ်းဆီသို့ ခေါ်ဆောင်သွားလေတယ်။ သူမဟာလဲ ရှင်းရှောင်းဂိုဏ်းထဲဝင်လိုက်ပြီးတော့ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးသားဟာ သူတို့ရဲ့ခံစားချက်တွေကိုပျိုးထောင်ကြရင်း ကမ္ဘာကြီးကို အုပ်စိုးသွားပါတော့တယ်။

Sia သက်ပြင်းချလိုက်တယ်။

" ငါကဘယ်ဇာတ်ကောင်ကိုရမှာလဲ "

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now