Title - Quick Transmigration: Destroy the Heroine System
Original Author name - yumemmc
Date - September 10,2022
Chapter-9 Cultivation Genius and Heroine Halo(7)
ARC-1
[ Host ရေပြဿနာတက်ပြီ!]
" ဘာဖြစ်လို့တုန်း? "
[ Host ရေ လင်းဟန်နဲ့ဝေးဝေးနေပါ။ သူက host လို host တစ်ယောက်ပဲ ဒါပေမယ့် ပိုအရေးကြီးတာက သူကနာမည်အရမ်းကြီးပြီးတော့ Mission တစ်ခါမှ မကျရှုံးဖူးတဲ့သူပဲ...]
Sia ရဲ့မျက်လုံးတွေက အံ့သြထိတ်လန့်မှုနဲ့အတူ ပြူးကျယ်ကုန်တယ်။
ဘယ်လိုတွေတောင် ကံကောင်းနေရတာတုန်း?
ပထမဆုံး mission လေးလုပ်ဖို့ mission ကမ္ဘာထဲကူးပြောင်းလာရုံလေး ရှိသေးတယ် host တစ်ယောက်နဲ့ လာတွေ့နေတဲ့လား!
[ Host သူက အန္တရာယ်များတဲ့သူနော်။ သူ mission ကမ္ဘာထဲရောက်နေရင် ကမ္ဘာတူတဲ့ဆီကတခြား host က အမြဲအသတ်ခံရပြီး mission ကျရှုံးတယ်ဆိုတဲ့ ကောလဟာလရှိတယ် ]
ဟင်........ ဒါကြီးက သတ်မလား သေမလား ဂိမ်းကြီးလားဟ,ဟမ်?
Sia က သူ့ကိုကြည့်ပြီးပြောလိုက်တယ်
" ရှင်ကျွန်မကို သတ်တော့မှာလားဟင် "
လင်းဟန်ကရယ်လိုက်ပြီးတော့
" မင်းကပွင့်ပွင်းလင်းလင်းပြောတာပဲ,ဟမ် "
သူက Sia ကိုကြည့်ပြီး ရယ်လိုက်တယ်
" ဟင့်အင်း,ကိုယ်လုပ်မှာမဟုတ်ဘူး"
ရုတ်တရက်ပဲ ချစ်စရာကောင်းတဲ့ ကောင်မလေးက လင်းဟန်နားက လေထုထဲမှာ ပေါ်လာတယ်။ သူမကပြောတယ်
" အဲ့တာက System 606: ဇာတ်လိုက်မကိုဖျက်စီးမယ် မဟုတ်လား? ရှင်က အခုထိ Host 3 ယောက်ရှိဖူးပြီး 3 ယောက်လုံးက mission ကျရှုံးခြင်းမရှိပဲ ပြီးပြည့်စုံတဲ့ အမှတ်တွေကိုရစေတဲ့ ဒဏ္ဍာရီလာ system ရဲ့ Host ပဲ"
Sia ကမေးလိုက်တယ်။
" မင်းကဘယ်သူလဲ "
သူမက ပြန်ဖြေတယ်။
" ကျွန်မက System 101: ဇာတ်လိုက်ကိုဖျက်စီးမယ် System ပါ။ ကျွန်မက မိုထျင်းရဲ့ System လေ "
Sia ကမေးလိုက်တယ်
" မိုထျင်း? "
လင်းဟန့်ကပြန်ဖြေတယ်
" အဲ့တာကိုယ့်နာမည်ပါ "
ရုတ်တရက်ပဲ Sia က ကောင်မလေးက သေးသေးလေးဖြစ်တာကို သတိထားမိသွားတယ်။ System တွေဆိုတာက သူမရဲ့ System လိုမျိုး မမြင်ရတဲ့ဖြစ်တည်မှုတွေလေ။ ဒီကလေး သေးသေးလေးကဘယ်လိုလုပ် system ဖြစ်နိုင်မှာတုန်း?
အဲ့တာကြောင့် Sia က ချက်ချင်းကိုမေးချလိုက်တယ်။
" မင်းကဘယ်လိုလုပ် System ဖြစ်နိုင်မှာလဲ? မင်းကလင်းဟန်ရဲ့ တရားမဝင်ကလေးလားဟင်? "
လင်းဟန် :............
System 101 :............
[.............]
အ...အ......အ.........
[ Host ရေ ဘာတွေလျှောက်ပြောနေတာတုန်း ]
" အဲ့တာဆို ဘာလို့နင့်မှာ ကိုယ်ထည်မရှိရတာလဲ? ငါက System တွေအကုန်လုံးကိုနင့်လိုပဲမမြင်ရဘူးထင်လို့လေ "
လင်းဟန်က ရယ်ရင်းပြောလိုက်တယ်
" System တစ်ခု အံ့သြစရာကောင်းတဲ့ရမှတ်တွေရှိတဲ့ Host ကို အောင်အောင်မြင်မြင်နဲ့မြေတောင်မြှောက်ပေးနိုင်ရင် System အထက်လူကြီးတွေက ဆုတစ်ခုပေးတယ်လေ။ 101 က ရုပ်ခန္ဓာကိုယ်တောင်းဆိုခဲ့တာ။
ဒါကိုကြားပြီးတော့ Sia ကသူမရဲ့ System ကိုမေးလိုက်တယ်။
" နင်ကရောဘာတောင်းလိုက်တာလဲ? "
[Host တွေကို ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာရွေးချယ်ခွင့်]
" ငါမသေခင်ကြားလိုက်ရတဲ့ အဲ့အသံကနင်လား?"
[ဟုတ်ပါတယ် host]
သူမ ခေါင်းတောင်ကိုက်ချင် သွားလေတယ်။
လင်းဟန်ကမေးတယ်
" မင်းနာမည်ကဘာလဲ "
Sia ကပြန်ဖြေလိုက်တယ်
" အဲ့တာက " ရှီမင်ယွိရွှယ် " လို့ထင်တယ် "
" အဲ့တာမဟုတ်ဘူး အရင်းကိုပြောတာ "
လို့ သူကပြောတယ်။
သူမက
" အိုး,ဟုတ်သားပဲ။ Sia Wright ပါ"
သူက သူမဆီ သူ့လက်ကို ဆန့်ထုတ်ရင်း
" မင်းဇာတ်လိုက်မကို ဘယ်လိုဖျက်စီးမယ် ဆိုတာကို ကိုယ်စောင့်ကြည့်နေမယ်နော်"
Sia ကသူ့ကိုပြုံးပြရင်း ပြောလိုက်တယ်
" ဘုရားရေ,ဘယ်သူသိမှာလဲ ကျွန်မကဇာတ်လိုက်ကိုလဲဖျက်စီးလိုက်နိုင်တာပဲလေ, သတိထားဦးနော်! "
မိုထျင်းက တခစ်ခစ်ရယ်လာတော့တယ်။
" ကိုယ်စောင့်နေမယ်နော်......"
※※※
YOU ARE READING
ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS)
ФэнтезиTitle : Quick Transmigration: Destroy the Heroine System Original Author name - yumemmc Original Author acc link : https://www.wattpad.com/user/yumemmc?utm_source=android&utm_medium=link&utm_content=share_profile&wp_page=user_details&wp_uname=-Thw...
