Cha-2 System

461 32 0
                                        

Title : Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date : August 17,2022

Chapter -2  System

Sia မျက်လုံးတွေဖွင့်လိုက်တော့ ဗလာဖြစ်နေတဲ့အဖြူရောင်အခန်းထဲ ရောက်နေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ သူမ ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်တော့ အနီရောင်နှင်းဆီးမွှေ့ရာပေါ်မှာ ထိုင်နေတယ်ဆိုတာကို သိလိုက်ရတယ်။

ဒီမွေ့ရာကြီးကဘာလုပ်နေတာတုန်း?

ဒါကတမလွန်ကြီးလား?

[Good morning ပါ host, နေလို့ကောင်းပါရဲ့လား]

ရုတ်တရက် သူမကဘယ်ကထွက်လာမှန်းမသိတဲ့ စက်ရုပ်သံကို ကြားလိုက်ရတယ်။

[ကျွန်တော်က system 606:ဇာတ်လိုက်မကိုဖျက်စီးမယ် system ပါ ]

သူမအခုလေးတင် systemလို့ကြားလိုက်တာလား?

သူမကအတည်ပြုဖို့အတွက် မေးလိုက်တယ် ။

" System ဟုတ်လား? နင်ဆိုလိုချင်တာက system ကိုအခြေခံထားတဲ့ ဝတ္ထုတွေလိုမျိုးလား?"

သူမအမေသည် ထိုဝတ္ထုများအား အလွန်ပင်နှစ်သက်လေတယ်။

[Pah... ကျွန်တော်က သူတို့ထက်ပိုကောင်းပါတယ်နော်။ အဲ့ဒါတွေကတကယ် system နဲ့ပိစိလေးတောင်တူမနေဘူး]

"ငါကဘာလို့ ဒီရောက်နေရတာတုန်း?"
သူမကမေးလိုက်တယ်။

[ Host ရဲ့ဝိညာဥ်က သေမျိုးလောကကနေ ထွက်ခွာဖို့ကို ဆန္ဒမရှိခဲ့ဘူးလေ။ အဲ့တာကြောင့် အထက်က host ကို ကျွန်တော့်ရဲ့host အဖြစ်ရွေးချယ်ခဲ့တာ။ host  ကကျွန်တော်ပေးတဲ့ Mission အချို့ကိုအောင်မြင်အောင်လုပ်နိုင်ရင် တကယ့်ကမ္ဘာမှာနောက်တစ်ကြိမ် ပြန်လည်မွေးဖွားခွင့်ရမှာလေ]

သူမအံ့ကြိတ်ပြီးတော့ လက်သီးတင်းတင်းစုပ်လိုက်မိတယ်။
နောက်တစ်ကြိမ် ပြန်လည်မွေးဖွားမယ်? ဒီ AI ကငါ့ကို ဟာသလာလုပ်နေတာလား?

" ဒီလိုမျိုးရွှေရောင်မဟာအခွင့်အရေးကြီးအတွက် ငါပေးဆပ်ရမယ့် တန်ဖိုးကဘာလဲ"
သူမချက်ချင်းပဲ system ကို အထစ်ထစ်အငေါ့ငေါ့နဲ့မေးလိုက်မိလေတယ်။ အဆုံးမှာတော့ ကမ္ဘာပေါ်မှာအလကားရတာ ဘာမှရှိမနေဘူးလေ။

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now