Title - Quick Transmigration: Destroy the Heroine System
Original Author name - yumemmc
Date - September 17,2022
Chapter-11 Cultivation Genius and Heroine Halo(9)
ARC-1
လွန်ခဲ့တဲ့ 3 လတုန်းက System က နောက် 3 လ နေရင် သူမဖျက်စီးရမယ့် ပစ်မှတ်ဖြစ်တဲ့ ဇာတ်လိုက်မရောက်လာမယ်လို့ သတင်းပေးခဲ့တယ်။ ဒီနေ့ကအဲ့ဒီနေ့ပဲ ။
ဒီနေ့မတော့ Sia က အဓိကခန်းမထဲကို စောစောစီးစီးဝင်လာခဲ့တယ် ။ ဂိုဏ်းသားတွေကသူမကိုမြင်တော့နှုတ်ဆက်ကြတယ်။ သူမကဝိညာဥ်ပဒေသရာဇ်ရဲ့ ဒုတိယအဆင့်ကို ရောက်နှင့်ပြီးနေပြီလေ။ ခဏလောက်ကြာပြီးတဲ့အခါမှာတော့ စိတ်လှုပ်ရှားနေပုံရတဲ့ စီနီယာတစ်ယောက်က သူမအသက်အရွယ်ရှိတဲ့ကောင်မလေးတစ်ယောက်နဲ့အတူခန်းမထဲဝင်လာလေတယ်။
သူမက ပြည်ပျက်စေလောက်တဲ့အလှမျိုးနဲ့မတူပဲနူးညံ့တဲ့အလှလေးလို့ခေါ်တွင်ရမယ်။ Sia က သူမရဲ့ဘေးနားမှာ လီယန်ကိုတွေ့လိုက်တယ်။ ကြည့်ရတာသူတို့တွေ့ဆုံပြီးတဲ့ပုံပဲ ပြီးတော့လီယန်ကလဲသူမအပေါ်ကောင်းမွန်တဲ့အမြင်ရှိပုံရလေတယ်။
သူတို့မသင့်မြတ်အောင်လုပ်ဖို့အချိန်ပဲ။ သူမလမ်းလျှောက်ပြီးတော့ရုတ်တရက်ပဲဝမ်ဝမ့်ကိုဝင်တိုက်လိုက်တယ်။ Sia က ဝမ်ဝမ့်ကိုစိုက်ကြည့်လိုက်ပြီးတော့အဝေးကိုလျှောက်သွားတယ်။ ဝမ်ဝမ့်ကဘယ်လိုလုပ် Sia ကိုဒီတိုင်းလွှတ်ပေးလိုက်နိုင်မှာလဲ?သူမက ဇာတ်လိုက်မလေ။
" ဟေး,နင်ငါ့ကိုဝင်တိုက်ပြီးတော့ဘာလို့မတောင်းပန်တာလဲ "
သူမကအော်လိုက်တယ်။
ဟောခန်းတစ်ခုလုံးကလဲတိတ်ဆိတ်သွားခဲ့တယ်။
ဂိုဏ်းတစ်ခုလုံးက Sia ကိုဒေါသထွက်အောင်လုပ်တာက ကိုယ့်အမေတောင်ကိုယ့်ကိုမမှတ်မိရလောက်တဲ့အထိအရိုက်ခံရမယ်ဆိုတာကိုသိလေတယ်။
Sia ရဲ့သဘောထားကကြီးမြတ်ပေမယ့်လဲဘယ်သူ့ကိုမှသူမရဲ့မျက်လုံးထဲကိုမထည့်လေဘူး။
ဒါကသူမရဲ့သဘောထားပဲ
အဲ့တာကြောင့်ဘယ်သူကမှ Sia ကိုရန်မစရဲပေ။ Sia ကလဲသူမကိုသာရန်လာမစရင်ဘာမျှလုပ်မည်မဟုတ်။
Sia ကသူမကိုလှောင်လိုက်တယ်။
" မင်းက ငါ့ကို တောင်းပန်စေချင်တာလား? အဲ့ဒါဆိုရင် ငါဒီကနေလာနေတုန်းက မင်းကရော ဘာလို့နည်းနည်းပါးပါးမရှောင်ရတာလဲ မင်းဘာသာမင်းရှောင်လိုက်လဲရတာပဲကို "
သူမက ဝမ်ဝမ်ရဲ့မျက်နှာဒေါသကြောင့် နီရဲသွားတာကိုတွေ့လိုက်ရတယ်။ အဲ့အချိန်မှာပဲလီယန်ကအမြန်ပြောလာတယ်။
"ဆရာတူညီမလေး ဝမ်ဝမ်ကအဲ့လိုရည်ရွယ်တာမဟုတ်ပါဘူးကွာ"
လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ဝမ်ဝမ်ကတကယ်ကိုပဲ အကြောမခံတဲ့သူဖြစ်လေတယ်။ သူမရဲ့ကမ္ဘာမှာ လူတွေကအချစ်အတွက် ဘယ်လိုတောင်ရူးသွပ်တဲ့အရာတွေလုပ်ကြလဲဆိုတာ သူမမျက်မြင်ကိုယ်တွေ့ပဲလေ။ ရှီမင်ယွိရွှယ်ကိုကြည့်တာနဲ့တင် သူမကလီယန်ကိုချစ်နေတယ်ဆိုတာကိုပြောလို့ရတယ်။
အဲ့တာကြောင့်သူမကို ရှီမင်ယွိရွှယ်က မတောင်းပန်မချင်း မလွှတ်ပေးလိုက်နိုင်ဘူး။
"မိန်းကလေး,တောင်းပန်ပါ "
Sia က ရယ်သာရယ်လိုက်တော့တယ်။ ဒီလူကတကယ်ကို ခေါင်းမာတာပဲ။ အဲ့လိုခေါင်းမမာရင်လဲ ဘယ်လိုလုပ် လုပ်ကြံသတ်ဖြတ်သူဖြစ်လာပြီး ဒီဝတ္ထုရဲ့ဇာတ်လိုက်မင်းသမီးဖြစ်လာမလဲ။
" ဝမ်ဝမ့်ကို တောင်းပန်လိုက်ပါကွာနော် "
လီယန်က တောင်းဆိုလိုက်တယ်။
Sia ကပြုံးလိုက်တယ်။ ဇာတ်လိုက်တွေဆိုတာ ဇာတ်လိုက်မတွေ ဆွဲဆောင်တာကို အမြဲခံနေရတာပဲလား ဟမ်?
" လုံးဝပဲ "
သူမကပြောပြီးတော့ထွက်လာလိုက်တယ်။
[Host ရေ ဇာတ်လိုက်ကချစ်လာအောင်လုပ်ရမှာလေလို့]
" မမြင်ဘူးလား? ငါလုပ်နေတယ်လေ "
[....................]
[ ကျွန်တော်မြင်တာတော့ host ကပိုဆိုးအောင်ပဲလုပ်နေသလိုပဲနော် ]
" ........... "
※※※
[T/N - ထမင်းဆုပ်က စနေနေ့မှန်းမေ့နေတာ ကြာသွားစေပြီးစောင့်လိုက်ရလို့ Gomen ပါဗျ]
YOU ARE READING
ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS)
ФэнтезиTitle : Quick Transmigration: Destroy the Heroine System Original Author name - yumemmc Original Author acc link : https://www.wattpad.com/user/yumemmc?utm_source=android&utm_medium=link&utm_content=share_profile&wp_page=user_details&wp_uname=-Thw...
