Title - Quick Transmigration: Destroy the Heroine System
Original Author name - yumemmc
Date - September 28, 2022
Chapter-14 Cultivation Genius and Heroine Halo(12)
ARC-1
Sia နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ အလွန်ကို shock ရသွားလေတယ်။
သူကဒီမှာဘာလာလုပ်နေတာတုန်း?
မိုထျင်းက သူမဆီလျှောက်လာပြီးတော့ သူမရဲ့ခါးသိမ်သိမ်လေးကို ဆွဲဖက်လိုက်တယ်။ Sia ကလွတ်မြောက်ဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့နောက်မှာတော့ လက်လျှော့လိုက်တော့တယ်။
သူမကသူရဲ့နက်ရှိုင်းပြီးအက်ရှတဲ့အသံကိုကြားလိုက်ရတယ်။
" အချစ်လေးကကိုယ့်ရဲ့ mission ကို ဓားပြတိုက်ဖို့ကြိုးစားနေတာပဲကွာ။ ဇာတ်လိုက်မကို ဦးတည်လည်ပတ်နေတဲ့ကမ္ဘာမှာ ဇာတ်လိုက်က ဇာတ်လိုက်မအနားမှာမရှိရင် ဇာတ်လိုက်ကဖျက်ဆီးခံရမှာပေါ့ကွာ။ ဇာတ်လိုက်ကိုဖျက်ဆီးဖို့က ကိုယ့်အလုပ်လေ။သည်းတုံးလေးက ကိုယ့်ထမင်းအိုးကို ရိုက်ခွဲနေတာပဲ"
"System,နင် အစုတ်ပလုတ်,အားမကိုးရတဲ့ခွေးကောင် ဒီကိုလာခဲ့စမ်း ငါ့ side mission က မိုထျင်းရဲ့ mission အတွက် အဟန့်အတားဖြစ်လာမယ်ဆိုတာကိုဘာလို့မပြောရတာလဲ "
[....................]
[ Host ဆဲတယ်!!!]
".................."
ဒင်.........
[ Side Mission : လင်းဟန်ကို အဆင့်တက်ရန်ကူညီပါ Life Point : 7000]
" အဲ့တာဆဲလို့လက်စားချေတာလား "
လီယန်က ယွိရွှယ်ရဲ့ဘေးနားကလူကို ကြည့်လိုက်တယ်။ သူက မကောင်းဆိုးဝါးဘုရင်လို့သိကြတဲ့ နတ်ဆိုးကျင့်ကြံသူ လင်းဟန်ပဲ။ ရွှယ်အာကသူနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေတာလဲ?
လင်းဟန်က Sia ကိုကြည့်ပြီးတော့ပြောလိုက်တယ်။
" ဇနီးလောင်းလေးကို အိမ်ပြန်ခေါ်သွားရမယ့် အချိန်ပဲ"
Sia ဘာမှမလုပ်လိုက်နိုင်ခင်မှာပဲ သူမတို့နှစ်ဦးလုံးကပျောက်ကွယ်သွားတော့တယ်။
လီယန်အတွေးနက်သွားတယ်။
ဇနီးလောင်း?ဟင့်အင်း...မဖြစ်နိုင်တာ။ရွှယ်အာက သူနဲ့ ဘယ်လိုမှမသက်ဆိုင်နိုင်ဘူး။
အေးစက်တဲ့အရောင်လေးတစ်ဖျတ် လီယန်ရဲ့မျက်ဝန်းတွေထဲဖြတ်ပြေးသွားခဲ့တယ်။
ရုတ်တရက် Sia နဲ့မိုထျင်းတို့ဟာ တောအုပ်တစ်ခုရဲ့အလယ်မှာပေါ်လာခဲ့တယ်။ Sia ကမီးကိုအသုံးပြုပြီးသူမရဲ့လက်တွေကို နွေးထွေးစေလိုက်ပြီးတော့ သူမရဲ့ခါးတစ်ဝိုက်ကရစ်ပတ်ထားတဲ့ မိုထျင်းရဲ့လက်ဖဝါးတွေကိုဖြုတ်ချလိုက်တယ်။
သူကလဲ ချက်ချင်းပဲ သူမကို လွှတ်ပေးလိုက်တယ်။
Sia က-
" Side Mission တွေလုပ်တာက တခြား Host တွေကိုပြဿနာတက်စေတယ်လို့ ကျွန်မရဲ့ System ကတစ်ခါမှမပြောဖူးဘူး" လို့ပြောလိုက်တယ်။
သူကသူ့မျက်ဝန်းတွေကို ကျဥ်းမြောင်းလိုက်ကာ Sia ကိုစူးစမ်းသလိုနဲ့ကြည့်လိုက်တယ်။
သူက
" ကြည့်ရတ်မင်းရဲ့ System ကဘာကိုမှမရှင်းပြရသေးဘူးထင်တယ် "
Sia ကပြောလိုက်တယ်။
" ရှင်ဘာကိုဆိုလိုတာလဲ? "
သူက-
" မင်း OOC က ပြစ်ဒဏ်မဖြစ်စေဘူးဆိုတာ သိတယ်ဟုတ်? "
အဲ့တာအမှန်ပဲလေ။ OOC ကပြစ်ဒဏ်ဖြစ်စေမှာမဟုတ်ဘူး System ကတောင်မှအဲ့လိုပဲပြောထားတာကို။
သူကဆက်ပြောတယ်။
" ဟင်းလင်းပြင်ကမ္ဘာက OOC ကိုအပြစ်မပေးဘူး ဘာလို့လဲဆိုတော့ အဲ့ထက်ရှုပ်ထွေးတာတွေရှိတယ်။
Host တစ်ယောက်ရဲ့ mission ကတစ်ကမ္ဘာထဲမှာရှိတဲ့ တခြား host တစ်ယောက်နဲ့ ဆက်နွယ်နေနိုင်တယ်။ အဲ့တာကတခြား host ရဲ့ mission ကိုကျရှုံးအောင် လုပ်ခိုင်းတာမဟုတ်ရင် mission ပြီးမြောက်အောင် ကူညီခိုင်းတာပဲ "
Sia က နားလည်သွားတဲ့အတွက် ခေါင်းငြိမ့်လိုက်တယ်။
ပြီးတော့ သူမကမေးလိုက်တယ်။
" ဒါနဲ့ ခုနက ဟိုမှာ, ဘာလို့ကျွန်မကို ဇနီးလောင်းလို့ခေါ်တာလဲ? "
မိုထျင်းက ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်လာတယ်။ Sia ကကြည့်လိုက်တော့ အဲ့အပေါ်မှာ " ရှီမင် " လို့ရေးထားတာကို တွေ့လိုက်ရတယ်။ ဒါကကြည့်ရင်း Sia က မူလယွိရွှယ်မှာလဲ ဒီလိုဟာမျိုးတစ်ခုရှိတယ်ဆိုတာကိုသတိရသွားတယ်။
Sia က space ထဲကနေ ကျောက်စိမ်းပြားကိုထုတ်ယူလိုက်တယ်။ အဲ့ကျောက်စိမ်းပြားပေါ်မှာတော့ " လင်း " ဆိုပြီး ရေးသားထားလေတယ်။
Sia ကမိုထျင်းကို ရှုပ်ထွေးစွာနဲ့ကြည့်လိုက်တယ်။
※※※
[ T/N - ကိုယ်ကတိတည်တယ်နော် သန်းခေါင်မကျော်ဘူး( ͡°з ͡°)]
YOU ARE READING
ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS)
ФэнтезиTitle : Quick Transmigration: Destroy the Heroine System Original Author name - yumemmc Original Author acc link : https://www.wattpad.com/user/yumemmc?utm_source=android&utm_medium=link&utm_content=share_profile&wp_page=user_details&wp_uname=-Thw...
