Cha-5 ARC-1(3)

263 29 0
                                        

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - August 27, 2022

Chapter-5 Cultivation Genius and Heroine Halo(3)

ARC-1

သူမတို့နားနေစဥ်အတွင်းမှာပဲ ရုတ်တရက် လုပ်ကြံသူတွေကပေါ်လာလေတယ်။

Sia က သူတို့ကိုအေးဆေးစွာကြည့်လိုက်ပြီးတော့ System ကိုမေးလိုက်တယ်။

" System ဒီမှာရော ဝတ္ထုတွေထဲကလို OOC* ရှိလား"

[ ဒီမှာတော့ OOC ကပမွှားလေးပါHost ။Host က host ကိုယ်တိုင်ပဲဖြစ်နေမှာပါ။ ဘယ်သူကမှ လွဲနေတာကိုသိမှာမဟုတ်ဘူး]

ဟ... ဒါကတော့အသစ်ပဲ။ အဲ့တာဆိုလဲ တခြားလှည့်ကွက် နည်းနည်းရှိတာပဲဖြစ်ရမယ်။ ကမ္ဘာပေါ်မှာ ဘယ်ဟာကမှ တရားမျှတပြီး အလကားရတာ မရှိဘူး။ အထူးသဖြင့် System နဲ့ သဘောတူညီမှု လုပ်ထားတဲ့အခါမှာပေါ့။

Sia က လုပ်ကြံသူတွေကို ကြည့်လိုက်တယ်။

သူတို့ထဲကအမြင့်ဆုံးက ဝိညာဥ်ပဒေသရာဇ်အဆင့်ပဲ။

Sia က သူမရဲ့မျက်ဝန်းတွေကို မှေးလိုက်တယ်။ဘုရားသခင်မျက်ဝန်းကတစ်ဆင့် သူမ ဇာတ်လိုက်ကောင်ကိုခံစားမိနေတယ်။ သူကသစ်ပင်နောက်မှာ ပုန်းနေတာ။

Sia ရဲ့ဒြပ်စင်စွမ်းအားက မီးဖြစ်ပေမယ့် system ရဲ့အကူအညီနဲ့ cheat တွေရထားလို့ သူမက space နဲ့ လေစွမ်းအားကိုပါ အပိုရထားလေတယ်။

တစ်ခုသော system လေးမှာတော့ ငါ system လေးရဲ့ cheat တွေကမင်းကိုကျင့်ကြံတိုက်ခိုက်လို့ရစေတာနော် ငါလေးကိုကျေးဇူးသိတတ်စမ်းပါ! အဲ့တာကမင်းကို ဒီလိုအခြေအနေမှာ အများကြီးကူညီနိုင်တာနော် လို့ ပြောချင်နေရှာတယ်။

ဒါပေမယ့်လဲ တစ်ခုသော ဟိတ်ဟန်ထုတ်တတ်တဲ့ system လေးခမျာတော့ သူ့ host ကြောင့် ဆွံ့အသွားလေတယ်။

Sia ကလုပ်ကြံသူတွေကို လက်နဲ့သာတိုက်ခိုက်ပြီးတော့သူတို့အားလုံး ညိုမည်းစွဲသွားအောင် ဆော်ပလော်တီးလိုက်လေတယ်။

[ Host ဘာလို့ကျင့်ကြံရေးစွမ်းအားတွေကိုမသုံးရတာလဲ?]

" အာ,အဲ့တာက လက်နဲ့ချတာ ပိုကောင်းမယ်ထင်လို့လေ"

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now