Title - Quick Transmigration: Destroy the Heroine System
Original Author name - yumemmc
Date - October 8, 2022
Chapter-17 Cultivation Genius and Heroine Halo(15)
ARC-1
Sia ကမိုထျင်းရဲ့နောက်ကနေ ဂူတစ်ခုထဲကိုလိုက်သွားတယ်။ နောက်ကနေလိုက်နေစဥ်အတွင်း ဒီလူကိုဒုက္ခပေးဖို့ နည်းလမ်းပေါင်းထောင်ချီတွေးပြီးပြီ။
သူဒီလိုလုပ်တာ ပထမဆုံးအကြိမ်တော့မဟုတ်ဘူး။
Sia အဲ့တုန်းက အဖြစ်အပျက်တွေကို ပြန်တွေးမိသွားတယ်။
တစ်ခါတုန်းက Sia ကအိပ်ပျော်နေပြီးတော့ သူမရဲ့စိတ်ကလဲနိုးနိုးကြားကြားမရှိဘူး။ သူက သူမကို နှိုးဖို့ ကြိုးစားပေမယ့်လည်း သူမကတော့မထခဲ့ဘူး။
သူက ရေနဲ့ပတ်သတ်ပြီး တစ်ခုခုကိုပြောခဲ့ပေမယ့်
သူမက အိပ်ချင်မူးတူးဖြစ်နေတာကြောင့် သူမကဘာကိုမှနားမလည်ခဲ့ဘူး။ အဲ့ဒီတော့ နောက်ဆက်ဖြစ်လာတဲ့အရာကတော့ သူမသိလိုက်ရတာက သူမကအေးစက်နေတဲ့ ရေကန်ထဲကို ပစ်ချခံထားရတယ်ဆိုတာပါပဲ။
နောက်ထပ်တစ်ကြိမ်မှာတော့ Sia က သူ့ကိုဟင်းချက်မကောင်းဘူးလို့ ပြောလိုက်မိတယ်။ နောက်တစ်နေ့မနက်မှာတော့ စားပွဲပေါ်မှာ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီးရောက်နေတယ်။ ဒါပေမယ့် သူမတစ်ကိုက် ကိုက်လိုက်တဲ့အခါမှာတော့ သူမသွားတွေ တစ်စစီပဲ့ကြွေသွားတော့မလို ခံစားရတယ်။
အရမ်းမာတယ်ဟ!
အဲ့ဒီနောက်မှာတော့ အဲ့တာက မိုထျင်းရဲ့နောက်ပြောင်ကျီစယ်မှုပဲဆိုတာ သူမသိလိုက်ရတယ်။
နောက်တစ်ကြိမ်မှာတော့............
[ Host ရေ မိုထျင်းပြောတာကို အာရုံစိုက်ပါနော်မဟုတ်ရင် သူဒီထက်ပိုဆိုးတာ ဘာလုပ်မယ်မှန်းမသိဘူး ]
Sia က system ပြောတဲ့ ကျောချမ်းဖွယ်ရာကြီးကို ကြားပြီးနောက်မှာတော့ တွေဝေနေတဲ့အခြေအနေကနေ ချက်ချင်းကို မိုထျင်းကို အာရုံစိုက်သွားတယ်။
သူမ ဒီမကောင်းဆိုးဝါးကြီးကို ထပ်စိတ်ဆိုးအောင်လုပ်ပြီး မစွန့်စားရဲပါဘူးနော်။
မိုထျင်းက Sia ကိုပြောလိုက်တယ်။
" ကိုယ်သွားတော့မယ်။ ကိုယ်ကိုသေချာစောင့်ရှောက်ပေးနော် "
Sia ကခေါင်းငြိမ့်ပြလိုက်တယ်။
Sia စောင့်ရှောက်နေတဲ့အခါမှာ သူကဂူထဲကိုဝင်သွားတယ်။
2 နာရီလောက်ကြာတဲ့အခါမှာတော့ Sia ကလူ 2 စုရောက်လာတာကို တွေ့လိုက််ရတယ်။ တစ်ဖွဲ့မှာ ဝမ်ဝမ်ပါပြီးတော့ နောက်တစ်ဖွဲ့မှာတော့ လီယန်ပါလေတယ်။ ကြည့်ရတာ System ပြောတာမှန်နေတဲ့ပုံပဲ......
သူမကိစ္စပြီးတော့ မိုထျင်းက ရွှမ်မိသားစုကို တိုက်ခိုက်ခဲ့ပြီး ဒီနှစ်ယောက်ကို ကွဲသွားစေပေမယ့် ကြည့်ရတာကမ္ဘာကြီးက ဒီနှစ်ယောက်ကို အတူတူတွဲရပေးချင်တုန်းထင်တယ်။ ဒါပေမယ့် ဘုရားရေ ဒီအားနည်းတဲ့ကမ္ဘာလေးက host နှစ်ယောက်ကို ဆန့်ကျင်နေတာပဲ။
Sia က ဝမ်ဝမ်ရဲ့မျက်နှာ မည်းမှောင်သွားတာကိုမြင်လိုက်တယ်။ လီယန်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေက ဘလင်းဘလင်းထနေလေရဲ့။
တစ်ခုခုတော့မှားနေသလိုပဲ။
လီယန်ကပြောလိုက်တယ်။
"ရွယ်အာက ဒီမှာဘာလဲနေတာလဲဟင်?"
Sia က သူ့အခေါ်အဝေါ်ကြီးကြောင့် ကြက်သီးထသွားလေတယ်။ ရွယ်အာ?! သူနဲ့သူမနီးစပ် ခဲ့တာဘယ်တုန်းကမို့လို့တုန်း? Sia က သူ့ကိုစက်ဆုပ်ရွံရှာမှုတွေနဲ့ကြည့်လိုက်တယ်။
"ကျွန်မကရှင့်ကိုသိလို့လား,သခင်လေး? "
လီယန်ကနာကျင်သွားလေတယ်။ သူမက သူ့ကိုဘာလို့ သူစိမ်းတစ်ယောက်လို ဆက်ဆံနိုင်ရတာလဲ!
အဲ့ဒီနောက်မှာတော့ Sia ကကျယ်လောင်ပြီး ကြောက်စရာကောင်းတဲ့အသံနဲ့အတူ ကြေညာလိုက်တယ်။
" ဂူထဲကိုဝင်ဖို့မစဥ်းစားနဲ့နော်။ လုပ်ရဲရင် ခေါင်းပြတ်ဖို့ပြင်ထားကြ "
လီယန်ကပြောတယ်။
" ရွှယ်အာ က ကိုယ့်ကိုစိတ်ဆိုးနေတယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ကိုယ်တို့ အဲ့လူအဆင့်တက်တာကိုတားဖို့လိုတယ်။ သူကမကောင်းတဲ့လူပဲ "
Sia က သူ့ကိုကြည်ရင်း အသံနိမ့်နိမ့်လေးနဲ့ပြောလိုက်တယ်။
" လင်းဟန်ကို ထိခိုက်အောင်လုပ်ဖို့ စဥ်းတောင်မစဥ်းစားနဲ့ "
လီယန်က စိတ်ပျက်အားလျော့သွားတဲ့ပုံနဲ့မေးလိုက်တယ်။
" ဘာလို့လဲ? ဘာလို့သူ့ကိုကာကွယ်ပေးနေရတာလဲ ?"
Sia ကပြန်ဖြေတယ်။
" သူက ကျွန်မရဲ့ခင်ပွန်းလောင်းလေ "
[Host သူ့အသည်းကိုခွဲပြီးသားလေ ]
အစိတ်စိတ်အမွှာမွှာကွဲသွားလဲ မနာလောက်တော့ပါဘူးဟယ်!
※※※
[ T/N - ကိုယ်နယ်ဘက်ရောက်နေလို့ကွာ surprise လေးကခဏစောင့်ပေးဦးနော် ]
YOU ARE READING
ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS)
ФэнтезиTitle : Quick Transmigration: Destroy the Heroine System Original Author name - yumemmc Original Author acc link : https://www.wattpad.com/user/yumemmc?utm_source=android&utm_medium=link&utm_content=share_profile&wp_page=user_details&wp_uname=-Thw...
