Cha-16 ARC-1(14)

172 24 0
                                    

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - October 5 , 2022

Chapter-16 Cultivation Genius and Heroine Halo(14)

ARC-1

Sia မိုထျင်းကို အေးစက်စက်ကြည့်လိုက်တယ်။

မိုထျင်း သူရှေ့က အလှလေးကို ကြည့်လိုက်တယ်။
တကယ်ကို အလှလေးပြောထိုက်တဲ့ အလှလေးပါ။သူမရဲ့အလှက ပြည်ပျက်စေလောက်တဲ့အထိ လှပါတယ်။

ဒါပေမယ့် ရေခဲလိုပဲအေးစက်တယ်။ သူမက စစချင်းမှာ သူ့အပေါ် အမြဲအဲ့လိုပါပဲ။ သူမ သူ့ကို မှတ်မိပါ့မလား သူသိချင်မိပါရဲ့။

Sia ကမေးတယ်။

" ဘာ လို့လာတိုက်ခိုက်တာလဲ "

သူ ကချက်ချင်းကိုပစ္စုပ္ပန်ကို ပြန်ရောက်လာပြီးတော့
သူမကို ကြည့်လိုက်တယ်။ အဲ့ဒီနောက် သူကပြောတယ်။

" ကိုယ်အဆင့်တက်တော့မယ်ထင်တယ်"

သူမရဲ့ဂရုမစိုက်တဲ့မျက်ဝန်းတွေက သူ့စကားကြောင့်အာရုံထားလာတယ်။

သူမ တကယ် အဲ့လူကိုစိတ်ဆိုးပါသည်။ ဘယ်သူကများ ကျင့်ကြံနေတာကို အဲ့လိုလာနှိုးလို့တုန်း ?
သူမအဆင့်တက်မယ်ထင်လို့ သေသေချာချာ စိတ်နှစ်ပြီးကျင့်ကြံနေခဲ့တာကို ။

သူမမိုထျင်းကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။
အိုကေပါတယ် အဲ့တာအိုကေတယ်။
သူ့ကိုကူညီရင် မန်းနီး... အဟမ်း Life point လေးတွေများကြီးရမှာလေ။

[............]

[ Host ကကြောက်စရာကြီး ]

" ဟေး,Life Point တွေက ဒီမှာအခြေခံလိုအပ်ချက်လေ,ပြီးတော့ အဲ့တာတွေက ငါပြန်သွားဖို့အတွက် လိုတယ်လေဟာ "

အဲ့အကြောင်းကို စဥ်းစားတာနဲ့တင် သူမမျက်နှာမှောင်မဲလာတယ်။ သူမလက်သီးကို တင်းတင်းဆုပ်လိုက်တယ်။ စောင့်နေလိုက်။ နောက်နည်းနည်းလေးကြာရင် သူမက ဒီမကောင်းဆိုးဝါးတွေ အကုန်ပျက်စီးအောင်လုပ်မှာ။

မိုထျင်းက သူမရဲ့အတွေးဆက်တွေကို ဖျက်ပစ်လိုက်တယ်။

" ကိုယ့်နောက်လိုက်ခဲ့ "

Sia သူ့နောက်ကိုလိုက်သွားတယ်။ သူဘယ်ကိုသွားလဲ သိချင်တယ်လေ။ ကြည့်ရတာ ဒီနားမှာ သူ့လက်အောက်ငယ်သားတွေ မရှိဘူးထင်တယ်။ ဒီလူက တကယ်ကို စနစ်ကျတာပဲ။

သူမ ဒီလက်အောက်ငယ်သားတွေကို ဇာတ်လိုက်မကို ဒုက္ခပေးဖို့ သုံးခဲ့ဖူးတယ်လေ ဟီးးဟီးး။ သူမက ဇာတ်ကြောင်းကိုသိတဲ့အတွက် ဇာတ်လိုက်မက သူမရဲ့ရတနာတွေကို ဘယ်အချိန်,ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ ရှာတယ်ဆိုတာသိတယ်လေ။ သူမက ဒီသတင်းကို ဂိုဏ်းကြီးတွေဆီ ဇာတ်လိုက်မခရီးမထွက်ခင်ကတည်းက ပေါက်ကြားစေခဲ့တာ။

အဲ့တော့ ဇာတ်လိုက်မက ရွှေလက်ချောင်းတွေဆုံးရှုံးနေတယ်လေ။ ဇာတ်လိုက်မဆိုတာဘယ်သူလဲ?
လျှောက်သွားပြီး ရတနာတွေရနေလို့ ကံကောင်းနေတဲ့ သူတစ်ယောက်လေ။ တကယ်လို့ အဲ့လိုမဟုတ်ရင်တော့ သူမကသာမန်ကျင့်ကြံသူကလွဲရင် ဘာများဖြစ်နေနိုင်ဦးမှာလဲ။

သနားစရာကတော့ သူကဦးနှောက်သုံးတဲ့စီးပွားရေးသမားတစ်ယောက်ရဲ့ ရန်သူဖြစ်နေခဲ့တယ်လေရော်။

" ဘာပဲဖြစ်ဖြစ်ပါလေ system ငါသိဖို့လိုတဲ့ သတင်းအချက်အလက်တွေ ရှိသေးလား?"

[ Dimension အမျိုးအစား 3 ခုရှိပါတယ်။ A အဆင့်,B အဆင့်နဲ့ C အဆင့်တွေပါ။ A အဆင့် dimension က အောင်မြင်နိုင်ချေမြင့်တယ်။ B အဆင့်က အလယ်အလတ်ရှိပြီးတော့ C အဆင့်ကတော့ အောင်မြင်နိုင်ချေနည်းပါတယ်။]

[ ကျွန်တော်တို့က A အဆင့် Dimension  မှာပါ]

" ဝိုး...ဒါကရှုပ်ထွေးတာပဲ။ ဒါပေမယ့် A အဆင့်ရှန်းရှကမ္ဘာက ဝတ္ထုတွေထဲကလိုအခက်ဆုံးဖြစ်နေရမှာမဟုတ်ဘူးလား? "

[..............]

[ ကျွန်တော်ပြောဖူးသလိုပဲ Host ဝတ္ထုတွေဖတ်တာများနေပြီ ။ ကျွန်တော်ကတကယ့် host နဲ့ system တွေနော် ဝတ္ထုထဲမှာမဟုတ်ဘူး]

" ငါမဖတ်ဘူးလို့ "

※※※

[ T/N - Ahhhh view တွေရာ vote တွေ အများကြီးတက်လာတာပဲကွာ(≧∇≦)/ reading list ထဲထည့်ပေးတဲ့ ဘေဘီတို့ကိုလဲကျေးဇူးများကြီးတင်ပါတယ်ကွာ။ 4ရက်အတွင်း view 500 နီးပါးရလိုက်တာပါ။
တကယ်ကို acc ထဲဝင်ဝင်ချင်း surprise ဖြစ်သွားတယ်။ မကောင်းမကန်းလေးကို ဖတ်ပေးကြလို့အများကြီး ကျေးဇူးတင်ပါတယ်။ ဘေဘီတို့က surprise တိုက်တော့ ကိုယ်လဲ surprise လေးပြင်ရတော့မယ်ထင်တယ် ဟဲဟဲ။ စောင့်ပေးကြပါဦးနော်။
Note ကနည်းနည်းရှည်သွားတယ် ဆောရီးပါနော်။
Minna dai suki (〃゚3゚〃)]

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now