Title - Quick Transmigration: Destroy the Heroine System
Original Author name - yumemmc
Date - September 3,2022
Chapter-7 Cultivation Genius and Heroine Halo(5)
ARC-1
Sia က လူအုပ်ထဲကို တိုးဝင်လာခဲ့တယ်။ လူအားလုံးက သူတို့ဘယ်ဂိုဏ်းထဲကို ဝင်ခွင့်ရမလဲဆိုတာကို စိတ်လှုပ်ရှားနေကြတယ်။ အားလုံးက စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်နေကြတယ်။ သူမက ကိုယ့်ကိုယ်ကိုယ်ဘဝင်ခိုက်နေတဲ့အမူအရာနဲ့ လူအချို့ကိုလဲ တွေ့ခဲ့ပါသေးတယ်။
Sia ကသိပ်မကြာခင်မှာပဲ ရှင်းရှောင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်ကိုတွေ့သွားတယ်။ သူ့ဘေးနားမှာတော့လီယန်ရဲ့ဆရာဖြစ်ပြီး သူ့ကိုအပြည့်အဝထောက်ခံသူဖြစ်တဲ့ ရှောင်ကျောင်းရှိနေတယ်။ သူကဘယ်တုန်းကမှ ရှီမင်ယွိရွှယ်ကို သူ့နှလုံးသားထဲမှာ အသိအမှတ်မပြုခဲ့ပေ။ သူမရဲ့ကွပ်မျက်မှုကိုတောင်မှ အထောက်အပံ့ပြုခဲ့သေးသည်။
Sia က လူတွေအများကြီးက အပေါ်တက်ပြီး စိတ်ဝိညာဥ်ကျောက်တုံးပေါ်ကို သူတို့ရဲ့လက်တွေကိုတင်ကာ သူတို့ရဲ့ဝိညာဥ်အဆင့်ကို စစ်ဆေးနေတာကိုတွေ့ရလေတယ်။
သိပ်မကြာခင်မှာပဲ Sia စစ်ဆေးရမယ့် အလှည့်ကိုရောက်လာခဲ့တယ်။ သူမက အပေါ်ကိုတက်သွားပြီးတော့ ဂိုဏ်းချုပ်ရဲ့ခွင့်ပြုချက်နဲ့အတူ ကျောက်တုံးပေါ်ကို လက်တင်လိုက်တယ်။ ဂိုဏ်းချုပ်ကအနည်းငယ်ပင်ပန်းနေပြီဖြစ်ကာ သူမအပေါ်သိပ်၍အာရုံမစိုက်ထားပေ။ သူမကိုလဲ လူအများကြီးက လှောင်ပြောင်သရော်မှုအပြည့်နဲ့ စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့ရဲ့သရော်လိုမှုတွေက ကြောက်ရွံခြင်းနဲ့အံ့အားသင့်ခြင်းအဖြစ် ပြောင်းသွားတော့တယ်။ ဘာကြောင့်လဲ? ရှင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝိညာဥ်ကျောက်တုံးကအစိတ်စိတ်အမြွာမြွာကွဲသွားလို့ပဲဖြစ်တယ်။
ဒီဝိညာဥ်ကျောက်တုံးက အရည်အသွေးနိမ့်တဲ့ဟာဖြစ်လေတယ်။ အဲ့တာက အရှင်သခင်အဆင့်အထိကိုပဲ အဆင့်ကိုပဲသတ်မှတ်ပေးနိုင်တယ်။ ဂိုဏ်းတွေကဒီကျောက်တုံးကို သုံးရတာကရှင်းပါတယ် ဂိုဏ်းကိုဝိညာဥ်အရှင်အဆင့်နဲ့ ဝင်ရောက်လာတဲ့လူမရှိခဲ့ဖူးဘူးလေ။ Sia က ဝိညာဥ်ပဒေသရာဇ်အဆင့် ဖြစ်နေပြီးတော့ သူမရဲ့စွမ်းအားက ကျောက်တုံးကကိုင်တွယ်နိုင်ဖို့အတွက် ကြီးလွန်းနေတယ်လေ။
သူမဘေးနားက လူကြီးတစ်ယောက်က အော်လိုက်တယ် " ကောင်းကင်ဘုံရေ! ဝိညာဥ်ပဒေသရာဇ်အဆင့်ကြီးဟ"
Sia သူမရဲ့နားကိုပွတ်လိုက်တယ်။ ဒီလူကြီးကအရမ်းတက်ကြွနေတာပဲ! သူ သူမကိုကန်းသွားအောင်လုပ်လုနီးပါးပဲ။
လူကြီးက Sia ကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေတယ်။ ဘာလို့လဲဆိုတော့ သူကနှစ်100ကျော်တောင်ကျင့်ကြံပြီးတာတောင်မှ ပဒေသရာဇ်အဆင့်ပဲရောက်သေးတာကြောင့်ဖြစ်မယ်လို့ သူမခန့်မှန်းလိုက်တယ်။
Sia က ရှောင်ကျောင်း သူမအနားကချဥ်းကပ်လာတာကိုတွေ့လိုက်တယ်။ပြီးတော့ သူက
" မင်းငါ့တပည့်လုပ်မလား? "လို့မေးလာတယ်။
Sia က " ကျွန်မကဘာလို့လုပ်သင့်တာလဲ?" လို့ပြန်မေးလိုက်တော့ သူကသူ့ရဲ့ဝိညာဥ်ဧကရာဇ်အဆင့်ရဲ့ဖိအားကိုထုတ်လွှတ်လိုက်တယ် ။ ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ Sia က အရှုံးမပေးခဲ့ဘူး။ ဘာလို့လဲ? ရှင်းပါတယ် သူမကဘုရားသခင်မျက်ဝန်းရဲ့အကူအညီနဲ့ ဝိညာဥ်ဘုရင်အဆင့်ကို ရောက်ပြီးနေပြီမို့လို့ပါပဲ။ အဲ့တာကြောင့်သူ့ရဲ့ဖိအားက သူ့မအပေါ်မှာသိပ်ပြီးတော့ မသက်ရောက်လေဘူး။
ဒါပေမယ့် ဒီတိုင်းဆက်တောင့်ခံမယ်ဆိုရင်တော့ Sia က ဆိုးဆိုးရွားရွားထိခိုက်တော့မှာဖြစ်လေတယ်။
အဲ့တာကြောင့် သူမက" ကောင်းပါပြီ,ကျွန်မ,ရှီမင်ယွိရွှယ်က သင့်ကိုဆရာအဖြစ်လက်ခံပါတယ် "
လို့ပြောလိုက်တယ်။
Sia ကတကယ်ကြီးကို သူတပည့်မဖြစ်ချင်ပေ။ သူကဆရာကောင်း တစ်ယောက်မဟုတ်။ သူက ရှီမင်ယွိရွှယ်အစစ်ကို လီယန်အတွက်စွန့်ပစ်ခဲ့တယ် ဘာလို့လဲဆိုတော့လီယန်ကိုပိုပြီးသန်မာလို့တဲ့လေ!
လီယန်က ပျော်ရွှင်စွာနဲ့
" ဆိုတော့မင်းကကိုယ့်ရဲ့ဂျူနီယာလေးလား?"
လို့ပြောလိုက်တယ်။
Sia ကပြောလိုက်တယ်" မဟုတ်ပါဘူး ကျွန်မကရှင့်ဆရာရဲ့ဂျူနီယာပါ ကျွန်မသူ့ကိုဆရာအဖြစ် လက်ခံလိုက်တာကိုမြင်ရဲ့သားနဲ့ ဘာလို့ကြောင်တောင်တောင်တွေလာမေးနေတာလဲ? "
[Host သူ့ကိုချစ်လာအောင်လုပ်ရမှာလေ]
" ငါအခုအဲ့တာကိုလုပ်နေတယ်လေ "
[...................]
#ငါလေး-host ကို-လုံးဝနားမလည်တော့ဘူး။
※※※
YOU ARE READING
ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS)
ФэнтезиTitle : Quick Transmigration: Destroy the Heroine System Original Author name - yumemmc Original Author acc link : https://www.wattpad.com/user/yumemmc?utm_source=android&utm_medium=link&utm_content=share_profile&wp_page=user_details&wp_uname=-Thw...
