Cha-8 ARC-1(6)

216 27 0
                                        

Title - Quick Transmigration: Destroy the Heroine System

Original Author name - yumemmc

Date - September 7,2022

Chapter-8 Cultivation Genius and Heroine Halo(6)

ARC-1

ဂိုဏ်းဝင်ခြင်းအလုပ် ပြီးသွားတဲ့အခါမှာတော့ Sia ကဟောခန်းကနေ ထွက်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ system လေးကနေပြီးတော့ ဗီလိန်ကြီးနဲ့သွားတွေ့ဖို့ ပြောလာလို့ပါပဲ။

သူမက တည်းခိုခန်းအသေးစားလေးကိုရောက်တဲ့အခါမှာ သူ့အခန်းထဲကိုဝင်သွားလိုက်တယ်။ ဒါပေမယ့် သူမဝင်သွားတဲ့အခါမှာ အခန်းထဲမှာဘယ်သူမှရှိမနေဘူး! သူက ဘယ်သွားနေတာတုန်း? ဒီလောက်မြန်မြန်ကြီး ပြန်ကောင်းသွားတာက ဖြစ်နိုင်လို့လား?

[Host လာနေပြီ]

Sia နားမလည်သေးခင်မှာ သူမလည်ပင်းပေါ်က ထက်ရှတဲ့အရာကို ခံစားလိုက်ရတယ်။

" System စုတ် ဘာလို့ငါ့ကို နောက်ကျမှပြောရတာတုန်း,ချီးပဲ "

[ ကျွန်တော် ပိစိလေးနောက်ကျသွားတယ်.........]

နောက်တစ်ကြိမ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး။ Sia က သက်ပြင်းချပြီးပြောလိုက်တယ်။

" အဲ့တာက ရှင့်ရဲ့ကိုယ့်ကျေးဇူးရှင်ကို ဆက်ဆံတဲ့ပုံလား?"

သူကမေးတယ်

" မင်းဘာလို့ငါ့ကိုကယ်ခဲ့တာလဲ?"

ဒီဗီလိန်ကတော့ ငါကနင့်ကိုကယ်ဖို့ကို အကြောင်းပြချက်က ပြောရဦးမှာလား။ ကောင်းပြီ, သူမက System ကြောင့် သူ့ကိုကယ်ခဲ့တာပေမယ့် အဲ့လိုကြီးသွားပြောလို့လဲမရဘူးလေ ။ Sia က သက်ပြင်းချပြီးပြောလိုက်တယ်

" ကျွန်မက လူသားတစ်ယောက်ကိုကယ်ဖို့ အကြောင်းပြချက်လိုနေသေးတာလား "

သူက တခစ်ခစ်ရယ်ရင်းနဲ့မှ

" အိုး တကယ်ကြီးလား, စေတနာရှင်ကြီးရေ ငါတော့မင်းကိုမယုံဘူးနော်"

Sia က

" ဟမ့် ရှင်ကျွန်မကိုမယုံတော့လဲ မယုံတဲ့အတိုင်းနေလေ ကျွန်မကဘာလုပ်နိုင်မှာ ဒါနဲ့ရှင်လူသားတွေပြုလုပ်တဲ့အရာတွေမှာ တချို့အရာတွေကလွဲရင် အဖိုးအခပေးရတယ်လို့ယုံလား "

ဇာတ်လိုက်မကိုဖျက်ဆီးမယ်(QT:DTHS) Where stories live. Discover now